MERS ရောဂါကြောင့် လူ ၉ ဦးသေ၊ ၁၀၈ ကူးစက်ခံရ

ရထားဘူတာမှာ ပိုးသတ်ဆေး ဖျန်းနေတဲ့ အလုပ်သမားများ (Credit: Reuters)
တောင်ကိုရီးယားနိုင်ငံမှာ ​MERS ​ရောဂါကြောင့် ​သေဆုံးသူ ​၉ ​ယောက်ရှိသွားပြီး ​လူပေါင်း ​၁၀၈ ​ယောက် ​ကူးစက်ခံနေရပြီ ​ဖြစ်ပါတယ်။

လူပေါင်း ​ထောင်နဲ့ချီကို ​သီးသန့်ခွဲထားပြီး ​ရောဂါလက္ခာဏာ ​အခြေအနေ ​စောင့်ကြည့်နေသလို ​ရောဂါ ​ကူးစက်မှုကို ​ကြိုတင် ​ထိန်းသိမ်းတဲ့အနေနဲ့ ​စာသင်ကျောင်း ​ထောင်နဲ့ချီကိုလည်း ​ပိတ်ချထားပြီ ​ဖြစ်ပါတယ်။

မားစ်ရောဂါက ​ဘာကြောင့် ​အလျင်အမြန် ​ကူးစက်နေသလဲ ​ဆိုတာကို ​သိရဖို့ ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​တောင်ကိုရီးယား ​အစိုးရနဲ့ ​ပူးပေါင်းပြီး ​လေ့လာမှုတွေ ​လုပ်နေပါတယ်။

သြစတြေးလျနိုင်ငံမှာရော ​မားစ်ရောဂါကို ​ကာကွယ်ဖို့ ​လုပ်ဆောင်နေကြပြီလား ​ဆိုတာကို ​မေးခွန်းထုတ်နေကြပါတယ်။
သြစတြေးလျက ​ကြိုတင်ပြင်ဆင်ထားပြီလို့ဆို

သြစတြေးလျနိုင်ငံ ​ကျန်းမာရေး ​အာဏာပိုင်တွေကတော့ ​အကောင်းဆုံး ​ပြင်ဆင်မှုတွေ ​လုပ်ထားပြီလို့ ​တုန့်ပြန်ထားပါတယ်။

လေဆိပ်တွေမှာ ​မားစ်ရောဂါအကြောင်း ​ပညာပေး ​စာစောင်တွေ ​ဖြန့်ထားသလို၊ ​ဆေးခန်း ​လာပြတဲ့ ​လူနာတွေ ​ဘယ်နေရာမှာ ​သွားလာခဲ့ကြသလဲ ​ဆိုတာကို ​မေးဖို့ ​ဆရာဝန်တွေကို ​ညွှန်ကြားထားပြီလို့ ​ပြောပါတယ်။

မားစ်ရောဂါဟာ ​ဆော်ဒီအာရေးဗီးယား ​နိုင်ငံကနေ ​စတင်တဲ့ ​ရောဂါဖြစ်ပြီး ​ကုလားအုပ်ကနေ ​လူကို ​ကူးစက်တဲ့ ​ရောဂါ ​ဖြစ်ပါတယ်။

ရောဂါ ​လက္ခာဏာတွေကတော့ ​အဖျားပြင်းထန်တာတွေ၊ ​အသက်ရှု ​မဝတာတွေ ​ပါဝင်ပြီး ​နိုင်ငံပေါင်း ​၁၅ ​နိုင်ငံမှာ ​ပျံ့နှံ့နေတဲ့ ​ရောဂါ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
MERS ရောဂါကြောင့် လူ ၉ ဦးသေ၊ ၁၀၈ ကူးစက်ခံရ MERS ရောဂါကြောင့် လူ ၉ ဦးသေ၊ ၁၀၈ ကူးစက်ခံရ Reviewed by သစ်ထူးလွင် on 21:07 Rating: 5
Powered by Blogger.