ရန်ကုန်​ကို KFC ရောက်​ပြီ

KFC တစ်ပွဲ ဟာ ပျှမ်းမျှ ကျပ်ငွေ ခြောက်ထောင် ဝန်းကျင် ကျသင့် မှာ ဖြစ်ပါတယ်။
အမေရိကန် ကုန်ပစ္စည်း အမှတ်တံဆိပ် ဖြစ်တဲ့ KFC ကြက်ကြော် ဆိုင်ခွဲ မိတ်ဆက် တနင်္ဂနွေ နေ့ ဇွန်လ ၂၈ ရက် က ရန်ကုန် မှာ ပြုလုပ် လာပါတယ်။

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်ဈေး နဲ့ မျက်စောင်းထိုး က အဲဒီ့ ကြက်ကြော် ဆိုင် ဟာ အခုလ ကုန်ရင် ဖွင့်လှစ် တော့ မှာ ဖြစ် ပါတယ်။

နိုင်ငံရပ်ခြား တိုင်း ပြည် တွေ မှာတော့ ကြက်ကြော် လို၊ ဘာဂါ လို အစား အသောက် တွေ ဟာ ဈေးနှုန်း အသင့် အတင့် နဲ့ မြန်မြန်ဆန် ဆန် ဝယ်ယူ စား သောက် နိုင်လို့ စားသုံးသူတွေ အကြား အောင်မြင် မှု ရပြီး KFC လို အမှတ်တံဆိပ် မျိုး ဟာ ဆိုင်ခွဲ လက်ခွဲ တွေ တကမ္ဘာလုံး အနှံ့ ဖွင့်ရတဲ့ အထိ အောင်မြင် ပါတယ်။

တစ်ဘက် မှာလည်း ဒီလို အလွယ်စား အစားအသောက် တွေ ကို ကျန်းမာရေး နဲ့ မညီညွတ်ဘူး ဆိုပြီး ထောက်ပြ ဝေဖန်မှု တွေ နဲ့ အတူ ဖွံ့ဖြိုးပြီး နိုင်ငံ တွေ မှာ အဝလွန် ရောဂါ ဖြစ်နေကြတာ ဟာ အခုလို အစားသောက် မျိုး တွေ ကြောင့် ဆိုပြီး စွပ်စွဲ ပြစ်တင်မှု တွေ လည်း ရှိပါတယ်။

ရန်ကုန်ဆိုင် မိတ်ဆက် ပွဲ နေ့ မှာတော့ အခုလို ကမ္ဘာ့ ကုန်ပစ္စည်း အမှတ် တံဆိပ် တစ်ခု မြန်မာ နိုင်ငံ မှာ စတင် ဖွင့်လှစ် လာတဲ့ အပေါ် စိတ်လှုပ်ရှား ကြိုဆို နေကြတဲ့ သူတွေ ကို တွေ့ရပါတယ်။

ရန်ကုန်ဆိုင် မန်နေဂျာ J R Ching ကလည်း KFC ရဲ့ အစားအသောက်၊ နေရာထိုင်ခင်း အပြင်အဆင် တွေ ဟာ ရန်ကု လူထု ကို ဆွဲဆောင် နိုင်ပြီး ဒီ့ပြင် နေရာ တွေ မှာလို ပဲ ရန်ကုန်မှာ လည်း KFC အောင်မြင် လိမ့်မယ် ဆိုပြီး ပြောပါတယ်။

KFC တစ်ပွဲ ဟာ ပျှမ်းမျှ ကျပ်ငွေ ခြောက်ထောင် ဝန်းကျင် ကျသင့် မှာ ဖြစ်ပါတယ်။

ဒေါ်လာနဲ့ ဆိုရင် ၅ ဒေါ်လာ ကျော်ကျော် မို့ နိုင်ငံရပ် ခြား တွေ မှာ လူ အားလုံး လက်လှမ်း မှီ နိုင်တဲ့ ဈေး ဖြစ်ကောင်း ဖြစ်ပေမယ့် မြန်မာ ပြည် မှာတော့ တစ်ရက် ကို အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀ဝ နဲ့ ၄၀ဝ၀ ကြား မှာ သတ်မှတ် မယ့် အခြေအနေ ဖြစ်တဲ့ အတွက် သာမန် လူတစ်ဦး အဖို့ ကြက်ကြော် တစ်ပွဲ ရဖို့ တစ်ရက် ခွဲလောက် အလုပ်လုပ် ရမယ့်ပုံ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရန်ကုန်​ကို KFC ရောက်​ပြီ  ရန်ကုန်​ကို KFC ရောက်​ပြီ Reviewed by သစ်ထူးလွင် on 07:07 Rating: 5
Powered by Blogger.