လစ်ဗျားနိုင်ငံရှိ အဓိက ဆိပ်ကမ်းမြို့တစ်မြို့ ကို ISIS စစ်သွေးကြွများ သိမ်းပိုက်


ဒူဘိုင်း ၊ ၁၁-၆-၂၀၁၅

ISIS စစ်သွေးကြွ များသည် လစ်ဗျားနိုင်ငံရှိ အဓိကျသည့် ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သော ဆာတီမြို့ကို ယင်းနိုင်ငံ ပြည်သူ့စစ် အဖွဲ့ထံမှ ဇွန် ၁ဝ ရက်တွင် သိမ်းယူ နိုင်ခဲ့ကြောင်း မီဒီယာတစ်ခုမှ ထုတ်ပြန် ထားသည်။

အစ္စလာမ်မစ် စစ်သွေးကြွများ သည် အဆိုပါမြို့ကို Libya Dawn (လစ်ဗျား အရုဏ်ဦး) အမည်ရှိ ပြည်သူ့စစ် အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ခိုက် ခဲ့ပြီးနောက် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ယင်းမြို့အနီးရှိ လျှပ်စစ်
ဓာတ်အားပေး စက်ရုံတစ်ရုံ ကိုပါ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ များသည် ယင်းမြို့ကို သိမ်းယူ ပြီးနောက်ပိုင်းတွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ပြည်သူ့စစ်များ၏ ရုပ်အလောင်း များအပါအဝင် လျှပ်စစ် ဓာတ်အားပေး စက်ရုံကို စစ်သွေးကြွ အဖွဲ့ဝင်များက စစ်ဆေး နေသည့်ပုံ များကို ထုတ်ဖော်ပြသ ခဲ့ကြသည် ဟု အမေရိကန် လေ့လာရေး အဖွဲ့ကြီးတစ်ခု ဖြစ်သည့် SITE အဖွဲ့က ပြောကြား ထားသည်။

ဆာတီမြို့ကို ISIS စစ်သွေးကြွ များက ယခုကဲ့သို့ သိမ်းပိုက် လိုက်နိုင်ခြင်းသည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကို ဆက်သွယ် ထားသည့် အဓိက ဒေသကြီး တစ်ခုလုံးအား င၄င်းတို့က လုံးဝ ထိန်းချုပ် ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။

PyiChitThar
http://www.pyichitthar.com
လစ်ဗျားနိုင်ငံရှိ အဓိက ဆိပ်ကမ်းမြို့တစ်မြို့ ကို ISIS စစ်သွေးကြွများ သိမ်းပိုက်  လစ်ဗျားနိုင်ငံရှိ အဓိက ဆိပ်ကမ်းမြို့တစ်မြို့ ကို ISIS စစ်သွေးကြွများ သိမ်းပိုက် Reviewed by သစ်ထူးလွင် on 14:25 Rating: 5
Powered by Blogger.