IS ရဲ့ အရက်စက်ဆုံး လုပ်ရပ်ပါတဲ့ ဗီဒီယို ပေါ်လာ

လှောင်အိမ်ထဲက လူတွေကို ရေနစ်သတ်နေပုံ (Credit: ABC licensed) 
IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေဟာ ​လှောင်အိမ်ထဲမှာ ​လောင်ထားတဲ့ ​လူ ​၁၆ ​ယောက်ကို ​ရေနစ်သတ်တဲ့ ​ဗီဒီယိုတွေ၊ ​တချို့ကိုတော့ ​ဖောက်ခွဲရေး ​ပစ္စည်းတွေနဲ့ ​သတ်ပစ်တာတွေအပြင် ​ကားတစီးထဲကို ​ရော့ကက်ဗုံး ​ပစ်ထည့်တဲ့ ​ပုံတွေကို ​ပြသထားပါတယ်။

အီရတ်နိုင်ငံ ​Nineveh ​မှာ ​ရိုက်ကူးခဲ့တဲ့ ​ဗီဒီယိုဖြစ်ပြီး ​IS ​အဖွဲ့ကနေ ​အွန်လိုင်းပေါ်မှာ ​တင်ထားတဲ့ ​ဗီဒီယိုတွေထဲ ​အရက်စက်ဆုံးသော ​ဗီဒီယို ​ဖြစ်ပါတယ်။

ဒီတချီ ​ထွက်ပေါ်လာတဲ့ ​ဗီဒီယိုမှာ ​သတ်ပစ်ခံရတဲ့ ​လူ ​၁၆ ​ယောက်ကတော့ ​ထောက်လှမ်းရေးတွေ ​ဖြစ်တယ်လို့ ​သိရပြီး ​တချို့ကလည်း ​သူတို့ဟာ ​ထောက်လှမ်းရေးတွေဖြစ်ပြီး ​IS ​အဖွဲ့ဝင်အဖြစ် ​ဟန်ဆောင်တာ ​ဖြစ်ကြောင်း ​ဝန်ခံ ​ပြောဆိုထားတဲ့ ​ဗီဒီယိုတွေ ​ပါရှိပါတယ်။

ဗီဒီယို ​အစမှာတော့ ​လူ ​၄ ​ယောက်ကို ​IS ​အဖွဲ့က ​ကားထဲ ​ဝင်နေခိုင်းပြီး ​နောက်ပိုင်းမှာ ​ကားကို ​ဗုံးခွဲလိုက်တဲ့ ​ပုံတွေ၊ ​နောက် ​လူ ​၅ ​ယောက်ကိုတော့ ​လှောင်အိမ်ထဲ ​လှောင်ထားပြီး ​အဲဒီ ​လှောင်အိမ်ကို ​crane ​ကားနဲ့ ​မချီပြီး  ​ရေကူးကန် ​ဟောင်းထဲက  ​ရေထဲမှာ  ​နစ်သတ်လိုက်တာ ​ဖြစ်ပါတယ်။

လှောင်အိမ် ​အပြင်မှာ ​ကင်မရာ ​နှစ်လုံး ​ချိတ်ထားပြီး ​လှောင်အိမ်ထဲက ​လူတွေ ​ရေဆိုးထဲမှာ ​ရုန်းရင်းဆန်ခ ​ပြုလုပ်ရင်း ​သေဆုံးသွားတဲ့ ​ပုံကို ​ရိုက်ကူးခဲ့တာ ​ဖြစ်ပါတယ်။

နောက် ​လူ ​၇ ​ယောက်ကိုတော့ ​လည်ပင်းမှာ ​ပေါက်ကွဲရေး ​ပစ္စည်းတွေ ​လွယ်ခိုင်းပြီး ​ဖောက်ခွဲပြီး ​သတ်ပစ်လိုက်တာ ​ဖြစ်ပါတယ်။

IS ​အဖွဲ့ဟာ ​လူပေါင်း ​ရာနဲ့ချီကို ​သေနတ်နဲ့ ​ပစ်သတ်တာတွေ၊ ​ဒါဇင်နဲ့ချီကို ​ခေါင်းဖြတ်သတ်တာတွေ၊ ​ကျောက်ခဲနဲ့ ​သေတဲ့အထိ ​ပစ်ပေါက်တာတွေ၊ ​လိင်တူ ​ချစ်သူကို ​တိုက်မြင့်ပေါ်ကနေ ​လူရှေ့သူရှေ့မှာ ​တွန်းချတာတွေအပြင် ​ဂျော်ဒန်နိုင်ငံသား ​လေယာဉ်မှူးကိုလည်း ​အရှင်လတ်လတ် ​မီးရှို့သတ်တာတွေကို ​လုပ်ခဲ့ပါတယ်။

IS ​အဖွဲ့ဟာ ​အဲဒီ ​ဗီဒီယိုကို ​အသုံးပြုပြီး ​စိတ်ကြွနေတဲ့ ​လူငယ်တွေကို ​သူတို့နဲ့ ​ပူးပေါင်းလာအောင် ​မြူဆွယ်နေသလို ​သူတို့ကို ​ဆန့်ကျင်တဲ့ ​လူတွေကို ​ခြိမ်ခြောက်တဲ့ ​အနေနဲ့လည်း ​အသုံးပြုလေ့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS ရဲ့ အရက်စက်ဆုံး လုပ်ရပ်ပါတဲ့ ဗီဒီယို ပေါ်လာ IS ရဲ့ အရက်စက်ဆုံး လုပ်ရပ်ပါတဲ့ ဗီဒီယို ပေါ်လာ Reviewed by သစ်ထူးလွင် on 11:29 Rating: 5
Powered by Blogger.