IS တွေရဲ့ လက်အောက်က မိုဆူလ် ပြည်သူတွေဘ၀ ဗွီဒီယို ထွက်ပေါ်


အီရတ်နိုင်ငံရဲ့ ဒုတိယမြို့တော် မိုဆူလ်မှာ ပြည်သူတွေအပေါ် IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့က အာဏာကို ဘယ်လိုအသုံးချ ကျင့်သုံးခဲ့တယ်ဆိုတာကို အထူးရိုက်ကူး တင်ပြထားတဲ့ ဗွီဒီယို ရုပ်ရှင်တခု ပေါ်ထွက်ခဲ့ပါတယ်။

မီးလောင်နေတဲ့ ဗလီတွေ ၊ စွန့်ပစ်ခံရတဲ့ စာသင်ကျောင်းတွေ၊ အမျိုးသမီးတွေကို အ၀တ်အစား ၀တ်ဆင်ပုံ ထိန်းချုပ်တာတွေ စတဲ့ဖြစ်ရပ်တွေကို ဘီဘီစီ သတင်းထောက် Ghadi Sary က လျို့ဝှက် ဗီဒီယို ရိုက်ကူးခဲ့တာဖြစ်ပြီး တနှစ်အကြာမှာ ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဗွီဒီယိုထဲမှာ IS အဖွဲ့က မိုဆူလ်ရှိ လူမျိုးစုတွေနဲ့ ဘာသာရေးကွဲပြားတဲ့ လူနည်းစုတွေရဲ့အိုးအိမ်တွေ သိမ်းယူခံရတာ၊ ဗလီဘုရားကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဒေသခံတွေ ခြိမ်းခြောက် ညှဉ်းပန်းခံရတာ စတာတွေကို ရိုက်ကူးတင်ပြထားပါတယ်။

ဒါ့အပြင် ဒီဗွီဒီယိုမှာ မြို့ခံတွေ လောင်စာဆီ ရှားပါးပြတ်လပ်ကြတာ၊ လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းနေတာ၊ ဆောက်လုပ်ရေးတွေ ရပ်ဆိုင်းထားရပြီး ကျောင်းတွေ ပိတ်ထားရတာ တွေကိုပါ ရိုက်ကူးထားပြီး IS လက်နက်ကိုင်တွေရဲ့ပြည်သူလူထုအပေါ် ထိန်းချုပ်ပုံတွေနဲ့ စစ်နည်းဗျူဟာ လှုပ်ရှားမှုတွေကိုပါ တင်ပြထားတာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
IS တွေရဲ့ လက်အောက်က မိုဆူလ် ပြည်သူတွေဘ၀ ဗွီဒီယို ထွက်ပေါ် IS တွေရဲ့ လက်အောက်က မိုဆူလ် ပြည်သူတွေဘ၀ ဗွီဒီယို ထွက်ပေါ် Reviewed by သစ်ထူးလွင် on 20:00 Rating: 5
Powered by Blogger.