IS အဖွဲ့ဝင် သြစီ ၂ဦး သေဆုံးမှု ရှိမရှိ စုံစမ်းနေ

Khaled Sharrouf (ဝဲ) နဲ့ Mohamed Elomar (Credit: ABC) 
IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့တဲ့ ​သြစတြေးလျနိုင်ငံသား ​နှစ်ဦး ​ဝေဟင်တိုက်ခိုက်မှု ​တစ်ခုအတွင်း ​သေဆုံးသွားခြင်း ​ရှိမရှိ ​ဆိုတာကို ​သြစတြေးလျ ​အစိုးရက ​အတည်ပြုနိုင်ဖို့ ​စုံစမ်းနေပါတယ်။

အခုအချိန်အထိတော့ ​အကြမ်းဖက်သမား ​Mohammed ​Elomar ​နဲ့ ​လုပ်ဖောင်ကိုင်ဖက် ​Khaled ​Sharrouf ​ဆိုသူ ​သေဆုံးခြင်း ​ရှိမရှိဆိုတာကို ​သြစတြေးလျ ​လုံခြုံရေးသမားတွေက ​စုံစမ်းနေဆဲပဲလို့ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ပြောပါတယ်။

အဲဒီနှစ်ယောက်စလုံးဟာ ​အီရတ်နိုင်ငံက ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့တာ ​ဖြစ်ပါတယ်။

အကြမ်းဖက် ​သမား ​နှစ်ဦးရဲ့ ​မိသားစုဝင်နဲ့ ​နီးစပ်သူ ​လူတစ်ယောက်က ​မိုဆူလ် ​မြို့ ​ဝေဟင်တိုက်ခိုက်မှုအတွင်း ​သြစတြေးလျနိုင်ငံသား ​နှစ်ယောက် ​ကျဆုံးသွားပြီလို့ ​အေဘီစီ ​7.30 ​ရုပ်မြင်သံကြား ​အစီအစဉ်ကို ​ပြောပြခဲ့ပါတယ်။

မိုဆူလ်မြို့ ​သတင်းကို ​ရဖို့ ​ခက်ခဲတဲ့အတွက် ​အဲဒီ ​သတင်းက ​ဟုတ်မဟုတ် ​ဆိုတာကို ​အတည်ပြုပေးဖို့ ​ခက်တယ်လို့ ​သြစတြေးလျ ​အစိုးရက ​ပြောပါတယ်။

အဲဒီ ​နှစ်ယောက် ​တကယ် ​သေသွားတယ်ဆိုရင်တော့ ​သြစတြေးလျ ​အစိုးရအတွက် ​အကြမ်းဖက် ​သမား ​၂ ​ယောက် ​နည်းလာလို့ ​စိတ်သက်သာမှု ​ရမှာ ​ဖြစ်ပါတယ်။

Elomar ​နဲ့ ​Sharrouf ​တို့ဟာ ​သြစတြေးလျနိုင်ငံကနေ ​ဆီးရီးယားကိုသွားပြီး ​အဲဒီနောက် ​အီရတ်နိုင်ငံက ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတာ ​ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ​ပြတ်နေတဲ့ ​လူရဲ့ ​ဦးခေါင်းကို ​သူတို့ ​နှစ်ယောက်က ​ကိုင်ထားတဲ့ ​ဗီဒီယိုတွေ ​ထွက်ပေါ်လာပါတယ်။

သြစတြေးလျ ​အစိုးရက ​သူတို့ ​နှစ်ယောက်စလုံးအပေါ်ကို ​အရင်နှစ်ကတည်းက ​ဖမ်းဝရမ်း ​ထုတ်ထားတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အဖွဲ့ဝင် သြစီ ၂ဦး သေဆုံးမှု ရှိမရှိ စုံစမ်းနေ IS အဖွဲ့ဝင် သြစီ ၂ဦး သေဆုံးမှု ရှိမရှိ စုံစမ်းနေ Reviewed by သစ်ထူးလွင် on 11:29 Rating: 5
Powered by Blogger.