IS စစ်သွေးကြွနှိမ်နင်းရေး အီရတ်ကြိုးပမ်းမှု အားနည်း


IS စစ်သွေးကြွတွေကို အီရတ်နိုင်ငံ အနေနဲ့ ပိုပြီးအားသွန်ခွန်စိုက် တိုက်ခိုက်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံနယ်မြေ အများအပြား သိမ်းပိုက်ထားတဲ့ စစ်သွေးကြွတွေကိုတိုက်ဖို့ အီရတ်အစိုးရက မြေပြင်တပ်ဖွဲ့ အလုံအလောက် ထုတ်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်က ဒီနှစ်ဆောင်းဦးမှာ အီရတ်တပ်သားသစ် ၂ သောင်း ၄ ထောင်ကို လေ့ကျင့်ပေးဖို့ မျှော်မှန်းထားခဲ့ပေမဲ့ တပ်သားသစ် ၇ ထောင်ကိုဘဲ လေ့ကျင့်ပေးခဲ့ရတယ်လို့ အောက်လွှတ်တော် ကြားနာမှုတရပ်မှာ ကာကွယ်ရေးဝန်ကြီး Ash Carter ကပြောကြားသွားတာပါ။

အီရတ်အခြေစိုက် IS တွေ အပေါ် အမေရိကန်ဦးဆောင် လေကြောင်းစစ်ဆင်ရေးအတွက်  ထိရောက်တက်ကြွ တဲ့ တရားဝင်အမြဲတန်းကြည်းတပ်တွေက နယ်မြေရှင်းထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့များရေးရာ အောက်လွှတ်တော်ကော်မီတီကို Mr Carter ကပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ အီရတ်နိုင်ငံကို ယခင်ထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပံ့ပိုးထောက်ခံနေချိန်မှာ အီရတ်အစိုးရဘက်က ပိုမိုတက်တက်ကြွကြွ ရှိရမယ်လို့လည်း ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
IS စစ်သွေးကြွနှိမ်နင်းရေး အီရတ်ကြိုးပမ်းမှု အားနည်း IS စစ်သွေးကြွနှိမ်နင်းရေး အီရတ်ကြိုးပမ်းမှု အားနည်း Reviewed by သစ်ထူးလွင် on 08:57 Rating: 5
Powered by Blogger.