IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့ကို ဆန့်ကျင်ဖို့ သြစတေးလျှ ၀န်ကြီးချုပ် တိုက်တွန်း


သြစတေးလျှ ၀န်ကြီးချုပ် Tony Abbott က IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို တိုက်ဖို့ အာရှပစိဖိတ်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

သြစတေးလျှ နိုင်ငံ ဆစ်ဒနီမြို့မှာ ၂ ရက်ကြာ ပြုလုပ်နေတဲ့ အကြမ်းဖက် ဆန့်ကျင်ရေး ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

အဓိက စိမ်ခေါ်မှုဖြစ်တဲ့ လူငယ်တွေ IS တွေနဲ့ ပူးပေါင်းနေတာတွေ ရပ်တန့်သွားအောင် ဒီဆွေးနွေးပွဲက အဖြေရှာ လုပ်ဆောင်သွားဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လူငယ်တွေအနေနဲ့ IS တွေနဲ့ ပူးပေါင်းတာဟာ လုံးဝ လွဲမှားနေပြီး သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံလိုမှုတွေဟာ လမ်းမှားကို ဦးတည်နေတယ်လို့လည်း သြစတေးလျှ ၀န်ကြီးချုပ်က ဆိုပါတယ်။

သြစတေးလျှ နိုင်ငံသား ၁၀၀ ကျော်လောက်ဟာ ဆီရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အုပ်စုတွေနဲ့ အတူ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေကြတယ်လို့ သြစတေးလျှ အစိုးရက ပြောကြားခဲ့ပါတယ်။

သြစတေးလျှ အစိုးရက အမျိုးသားလုံခြုံရေးဆိုင်ရာ စီမံကိန်းသစ်အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ သွားရောက် ပူးပေါင်းသူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ခဲ့ပြီး ရဲနဲ့ လုံခြုံရေးအဖွဲ့တွေကိုလည်း ငွေကြေး ပိုမို ထောက်ပံပေးခဲ့ပါတယ်။

မကြာသေးခင်ကပဲ အကြမ်းဖက်အုပ်စုတွေနဲ့ ပူးပေါင်းသူတွေထဲက နှစ်နိုင်ငံသား ခံယူထားသူတွေကို သြစတေးလျှ နိုင်ငံသားအဖြစ်မှ ယုတ်သိမ်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက အီရတ်ကို စစ်ဘက်ဆိုင်ရာ အရာရှိ ၄၅၀ စေလွှတ်ပေးမယ့် အကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပြီး နောက်ပိုင်း သြစတေးလျှ ၀န်ကြီးချုပ် Tony Abbott က အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့ကို ဆန့်ကျင်ဖို့ သြစတေးလျှ ၀န်ကြီးချုပ် တိုက်တွန်း IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့ကို ဆန့်ကျင်ဖို့ သြစတေးလျှ ၀န်ကြီးချုပ် တိုက်တွန်း Reviewed by သစ်ထူးလွင် on 19:37 Rating: 5
Powered by Blogger.