အမျိုးသားတွေ မှုတ်ဆိတ် မရိတ်ရလို့ IS သတ်မှတ်

အီရတ်နိုင်ငံက လူငယ်တစ်ဦး ဆံပင်ညပ်ခံစဉ် (Credit: Reuters) 
အီရတ်နိုင်ငံ ​Mosul ​မိုဆူးလ် ​မြို့မှာ ​နေထိုင်တဲ့ ​အမျိုးသားတွေ ​အားလုံး ​မှုတ်ဆိတ်မွေး ​အရှည်ထားရမယ် ​ဆိုတဲ့ ​ဥပဒေကို ​IS ​က ​ကျင့်သုံးနေပြီ ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ​သတင်းပတ်တွေကစပြီး ​IS ​က ​မှုတ်ဆိတ်မွေးကို ​အရှည်ထားရမယ့်အကြောင်း၊ ​ဇွန်လ ​၁ ​ရက်နေ့ကစပြီး ​မှုတ်ဆိတ် ​မရိတ်တော့ဖို့ ​ပြောဆိုထားပြီး ​ဘာကြောင့် ​မှုတ်ဆိတ်တွေ ​အရှည်ထားသင့်သလဲ ​ဆိုတာတွေကို ​ရေးသားထားပါတယ်။

ဆံပင်ညပ်ဆိုင်မှာ ​မှုတ်ဆိတ်ရိတ်နေတာတွေဟာ ​အပြစ်ဖြစ်တယ်လို့ ​ရေးသားထားပြီး ​တမန်တော် ​မိုဟာမက် ​ပြောဆိုခဲ့တဲ့ ​စကားလုံးတွေကို ​ရေးသားထားပါတယ်။

အစ္စလာမ်မစ် ​ရဲတွေက ​လိုက်လံ ​ကြည့်ရှုမှာ ​ဖြစ်ပြီး ​မှုတ်ဆိတ်မွေး ​အရှည်မထားတဲ့လူတွေကို ​ဖမ်းဆီး ​ထိန်းသိမ်းမယ်လို့လည်း ​ပါရှိပါတယ်။

အသက် ​၁၈ ​အရွယ် ​Laith ​Ahmed ​က ​သူ့မှာ ​မှုတ်ဆိတ်မွေး ​မရှိတာကြောင့် ​စိုးရိမ်နေပါတယ်။

သူက ​မှုန့်ဖုတ်တဲ့ ​ဆိုင်ရာ ​အလုပ်လုပ်တာကြောင့် ​IS ​အဖွဲ့နဲ့ ​နေ့တိုင်း ​ကြုံတွေ့နေရတယ်လို့လည်း ​သူက ​ပြောပါတယ်။

တချို့ကလည်း ​မှုတ်ဆိတ် ​အရှည်ထားရင် ​ယားယံတဲ့ ​ဝေဒနာ ​ခံစားရတဲ့အတွက် ​စိုးရိမ်ကြပါတယ်။

ကျန်းမာရေးကို ​အကြောင်းပြပြီး ​မှုတ်ဆိတ်ရှည်ထားလို့ ​မရကြောင်း ​ပြောပေမယ့် ​လက်မခံဘူးလို့ ​အမျိုးသား ​တစ်ဦးက ​ပြောပြပါတယ်။

မိုဆူးလ် ​မြို့ကနေ ​ထွက်ခွာလိုပေမယ့် ​IS ​အဖွဲ့ကို ​အရင် ​တိုင်ကြားပြီး ​ထောက်ခံချက် ​ရယူရမှာ ​ဖြစ်တဲ့အတွက် ​အခက်အခဲ ​ဖြစ်နေပါတယ်။

မိုဆူးလ် ​မြို့ဟာ ​အီရတ်နိုင်ငံရဲ့ ​ဒုတိယ ​အကြီးဆုံးမြို့ဖြစ်ပြီး ​လူပေါင်း ​၂ ​သန်း ​ရှိတဲ့မြို့ ​ဖြစ်ခဲ့ပေမယ့် ​တချို့လူတွေ ​အချိန်မှီ ​ထွက်ခွာတာမျိုး ​ရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အမျိုးသားတွေ မှုတ်ဆိတ် မရိတ်ရလို့ IS သတ်မှတ် အမျိုးသားတွေ မှုတ်ဆိတ် မရိတ်ရလို့ IS သတ်မှတ် Reviewed by သစ်ထူးလွင် on 19:04 Rating: 5
Powered by Blogger.