IS တပ်တွေ Kobane မြို့ထဲ ပြန်လည်ဝင်ရောက်


ကာ့ဒ် တပ်ဖွဲ့တွေနဲ့ ရေရှည်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လအတော်ကြာ ဆုတ်ခွာခဲ့ရပြီးတဲ့နောက် ဆီးရီးယားနိုင်ငံ Kobane မြို့ထဲကို IS အစ္စလာမ်မစ်နိုင်ငံ တပ်တွေ ပြန်လည် ၀င်ရောက်လာကြတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီရီးယားနဲ့ တူရကီ နယ်စပ်ရှိ အဲဒီမြို့လယ် တိုက်ပွဲမှာ လူတချို့ အသေအပျောက်ရှိခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။

Kurds တပ်ဖွဲ့တွေက တူရကီနယ်စပ်မှာ IS တပ်တွေကို ပြီးခဲ့တဲ့တစ်ပတ်က အောင်နိုင်ခဲ့ပြီးတဲ့နောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အရေးပါတဲ့ မြို့တွေကို IS လက်ထဲက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
IS တပ်တွေ Kobane မြို့ထဲ ပြန်လည်ဝင်ရောက် IS တပ်တွေ Kobane မြို့ထဲ ပြန်လည်ဝင်ရောက် Reviewed by သစ်ထူးလွင် on 17:18 Rating: 5
Powered by Blogger.