ဆလုံ လူမျိုးစုတွေကို စောင့်ရှောက်ဖို့ HRW တိုက်တွန်း

ဆလုံလူမျိုး မိသားစုတစ်စုကို မြင်ရစဉ် Photo: AllMyanmar.com
နိုင်ငံအတည်တကျမရှိပဲ ပင်လယ်ပြင်မှာ နေထိုင် ရွှေ့ပြောင်း သွားလာ လုပ်ကိုင်နေကြတဲ့ ဆလုံလူမျိုးစုတွေ အပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင့်အထက် နှိပ်စက်တာတွေ ရပ်ဆိုင်းပြီး၊ ကူညီစောင့်ရှာက် အကာအကွယ်ပေးကြဖို့ မြန်မာနဲ့ ထိုင်းနိုင်ငံကို HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်း လိုက်ပါတယ်။

မြန်မာနဲ့ထိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးဥပဒေသစ်တွေအောက်မှာ ပင်လယ်ဂျစ်ပစီတွေ လို့ ခေါ်နေကြတဲ့ ဆလုံလူမျိုးစုတွေဟာ ဆိုင်ရာအာဏာပိုင်တွေရဲ့ အနိုင့်အထက်ပြုကျင့်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေကြတယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။

ဆလုံလူမျိုးစုတွေကို ကမ္ဘာက သတိပြုမိလာတာဟာ ၂၀၀၄ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဆူနာမီဘေးကြောင့်ဖြစ်ပါတယ်။ ဆလုံတွေဟာ ဘ၀ပေးအတွေ့အကြုံ အသိအရ ၂၀၀၄ ဆူနာမီဘေးအန္တရာယ်ကနေ လွတ်ကင်းအောင် ကြိုတင်ကာကွယ်တိမ်းရှောင်နိုင်ခဲ့ကြလို့ ကမ္ဘာတ၀ှမ်း အံ့သြခဲ့ကြရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆလုံ လူမျိုးစုတွေကို စောင့်ရှောက်ဖို့ HRW တိုက်တွန်း  ဆလုံ လူမျိုးစုတွေကို စောင့်ရှောက်ဖို့ HRW တိုက်တွန်း Reviewed by သစ်ထူးလွင် on 11:17 Rating: 5
Powered by Blogger.