တောင်ငူမြို့နယ် ကံရိုးကျေးရွာရှိ Felin KTV စားသောက်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား



တောင်ငူ ဇွန် ၃

တောင်ငူမြို့နယ် ကံရိုးကျေးရွာရှိ ကေတီဗွီ စားသောက်ဆိုင်တွင် ဇွန် ၃ ရက်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က တောင်ငူ မြို့နယ် ကံရိုးကျေးရွာရှိ Felin KTV စားသောက်ဆိုင်တွင် လူငယ် လေးဦးဆိုင်ကယ်နှစ်စီးဖြင့် လာရောက် သီဆိုစားသောက်ပြီး အပြန်တွင် အဆိုပါဆိုင်ရှေ့ရှိ သစ်သားခုံတန်း လျားတွင် ထိုင်နေသော မသူဇာ အောင် (ခ)သူသူ (၂၇ နှစ်) ဆိုသူအား သေနတ်ဖြင့်တစ်ချက် ပစ်ခတ်ခဲ့ရာ မသူဇာအောင်(ခ)သူသူမှာ ဒဏ်ရာ ရရှိမှုကြောင့် တောင်ငူပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ရသည်။

သေနတ်ဖြင့် ပစ်ခတ်သူများကို တောင်ငူမြို့နယ် နယ်မြေခံရဲတပ်ဖွဲ့မှ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

သူရ(တောင်ငူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့နယ် ကံရိုးကျေးရွာရှိ Felin KTV စားသောက်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား  တောင်ငူမြို့နယ် ကံရိုးကျေးရွာရှိ Felin KTV စားသောက်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 01:31 Rating: 5
Powered by Blogger.