သုံးစွဲသူများအပေါ် ခြေရာခံလိုက်မှုကြောင့် Facebook ကို ဘယ်လ်ဂျီယံက တရားစွဲမည်


လူမှုကွန်ရက်အသုံးပြုသူများကို တရားမ၀င်ခြေရာခံလိုက်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၏ Privacy ကော်မရှင်က Facebook ကို တရားစွဲဆိုမည်ဟု သိရသည်။ စောစောပိုင်းကမူ ဖေ့စ်ဘုတ်သည် ကိုယ်ရေးလွတ်လပ်ခွင့်ဥပဒေ ကို ချိုးဖောက်နေကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်ကို ဒဏ် ငွေမချမှတ်နိုင်ခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်က ပြည့်ပြည့်စုံစုံတုံ့ပြန်မရှင်းလင်းနိုင်ပါက ဥပဒေကြောင်းအရ အရေးယူမည်ဟုသိရသည်။

၎င်းအမှုကို ဘယ်လ်ဂျီယံနိုင်ငံရှိ တရားရုံးတရုံးတွင် ကြာသပ တေးနေ့၌ ကြားနာမည်ဟုဆိုသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်သည် မကြာသေးမီက ဖေ့စ်ဘုတ်မှတ်ပုံတင်အဖွဲ့ ၀င်များနှင့် အဖွဲ့ဝင်မဟုတ်သူများအပေါ် လျှို့ဝှက်ခြေရာခံမှုများပြုလုပ်ခဲ့မှုကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ များက စိုးရိမ်ပူပန်မှုများရှိသည်ဟု ဘယ်လ်ဂျီယံ Privacy ကော်မရှင်ဥက္ကဋ္ဌ ဗီလ်လင်ဒီဗွိုင်ခေလာရီက ပြောကြား ခဲ့သည်။

''အထူးသဖြင့် သူတို့ကို နောက်ယောင်ခံမလိုက်စေချင်ဘူးဆိုတဲ့ လူတွေကိုလည်း နောက်ယောင်ခံ လိုက်တာတွေ့ရတယ်။''ဟု ၎င်းကပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံဖေ့စ်ဘုတ်ကုမ္ပဏီကမူ ဘယ်လ်ဂျီယံ Privacy အဖွဲ့က ယခုကဲ့သို့ အရေးယူရန် ဆုံးဖြတ်ခဲ့မှုအပေါ် အံ့သြစိတ်ပျက်မိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Ref; CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သုံးစွဲသူများအပေါ် ခြေရာခံလိုက်မှုကြောင့် Facebook ကို ဘယ်လ်ဂျီယံက တရားစွဲမည်  သုံးစွဲသူများအပေါ် ခြေရာခံလိုက်မှုကြောင့် Facebook ကို ဘယ်လ်ဂျီယံက တရားစွဲမည် Reviewed by သစ်ထူးလွင် on 16:53 Rating: 5
Powered by Blogger.