အလှူငွေခိုးယူသူများကို CCTV ကင်မရာမှ ဖမ်းမိ


အလှူခံပုံးအတွင်းမှ အလှူငွေခိုးယူသူများကို အရေးယူထား

နေပြည်တော်၊ ဇွန် ၂၈

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ မအူ(အလယ်)ကျေးရွာနေ ဘုရားဂေါပကဥက္ကဌ ဦးထွန်းရွှေ(၆၈)နှစ်သည် နေအိမ်၌ရှိနေစဉ် မအူ(အလယ်)ကျေးရွာ၊ မုံရွာ-ပခုက္ကူကားလမ်းဘေးတွင် တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် မြတ်စွာဘုရား အရုဏ်ခံအဆောက်အဦအတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများခိုးယူခံရကြောင်း အစောင့်တာဝန်ကျ ဦးခင်မောင်မှ လာရောက်အကြောင်းကြားသဖြင့် ဘုရားသို့လိုက်သွားကာ အရုဏ်ခံ တန်ဆောင်းအတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ အလှူခံပုံးအတွင်းရှိအလှူငွေများကို ခိုးယူသွားသူများမှာ တစ်ရွာတည်းနေ မောင်လင်း (၁၈)နှစ်နှင့် ရဲကိုကို(၂၂)နှစ်တို့ဖြစ်ကြောင်း သိရှိရ၍ အရေးယူပေးရန်တိုင်တန်းရာ မောင်လင်းနှင့် ရဲကိုကို တို့ ၂ ဦးအား ရေစကြိုမြို့မရဲစခန်း(ပ)၁၀၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အလှူငွေခိုးယူသူများကို CCTV ကင်မရာမှ ဖမ်းမိ  အလှူငွေခိုးယူသူများကို CCTV ကင်မရာမှ ဖမ်းမိ Reviewed by သစ်ထူးလွင် on 06:00 Rating: 5
Powered by Blogger.