ပါကစ္စတန် အပူလှိုင်းကြောင့် ၁၀၀၀ ကျော်သေ

အအေးဓာတ်ရအောင် အခုလို ရေလောင်းချ နေရပါတယ်။ (Credit: Reuters)
ပါကစ္စတန်နိုင်ငံ ​တောင်ပိုင်း ​ကာရာချီမြို့မှာ ​နှစ်ပေါင်း ​၃၅ ​နှစ်အတွင်း ​အဆိုးဝါးဆုံးသော ​အပူလှိုင်း ​ဖြတ်သန်းမှုတွေ ​ဖြစ်ပေါ်တဲ့အတွက် ​လူပေါင်း ​၁၀၀၀ ​ကျော်သေပြီး ​ရေခဲတိုက်တွေမှာ ​နေရာ ​မရှိလောက်အောင် ​ဖြစ်နေရပါတယ်။

ဒီလိုအချိန်အတွင်း ​နိုင်ငံရေးပါတီတွေနဲ့ ​စစ်တပ်ကလည်း ​အခွင့်ကောင်းယူပြီး ​လမ်းထောင့်တွေမှာ ​ယာယီတဲတွေ ​အပြိုင်အဆိုင်ထိုးပြီး ​လူတွေကို ​ရေခဲရေတွေ၊ ​ဓာတ်ဆားတွေ ​ပေးဝေနေကြပါတယ်။

တချို့ရပ်ကွက်တွေမှာတော့ ​ရေပိုက်ကြီးကြီးနဲ့ ​ခိုးချိတ်ပြီး ​ရေပန်းထွက်အောင် ​လုပ်နေကြပါတယ်

ရေပန်းကနေ ​ထွက်လာတဲ့ ​ရေတွေနဲ့ ​အစိုဓာတ်ရအောင် ​လုပ်ဆောင်ပြီး ​တချို့ကလည်း ​အဲဒီ ​ရေပန်းနဘေးက ​ကခုန်ပြီး ​ရေကစားကြပါတယ်။

လူဦးရေ ​သန်း ​၂၀ ​လောက်ရှိတဲ့ ​မြို့မှာ ​အပူလှိုင်းတွေ ​ဖြတ်သန်းတုန်း ​လျှပ်စစ်မီးပြတ်တောက်မှုတွေပါ ​ဖြစ်ခဲ့တဲ့အတွက် ​လူပေါင်း ​မြောက်များစွာဟာ ​ပန်ကာတွေ၊ ​မီးတွေ ​မရှိပဲ ​နေခဲ့ကြရသလို ​ရေပေးစနစ်မှာလည်း ​အခက်အခဲ ​ဖြစ်ခဲ့ရပါတယ်။

မွတ်စလင်တွေရဲ့ ​ဥပုတ် ​ကာလနဲ့လည်း ​တိုက်ဆိုင်နေပါတယ်။ ​အဲဒီအချိန်ဆိုရင် ​နေထွက်ကနေ ​နေဝင်အထိ ​ဘာမှ ​စားသောက်ခွင့် ​မရပါဘူး။

ဒါကြောင့်လည်း ​နေ့အချိန်မှာ ​ရေခဲတွေ၊ ​ရေတွေ ​လာဝယ်တဲ့ ​လူတွေကို ​ဆိုင်ရှင်တချို့က ​မရောင်းပေးဘူးလို့ ​ဆိုပါတယ်။

ဥပုတ် ​ဥပဒေကို ​ချိုးဖောက်ရင်လည်း ​အပြစ်ပေးခံရနိုင်ကြောင်း ​သိရပါတယ်။

မိုးရွာမယ်လို့ ​ကြေညာထားတာ ​ရှိပေမယ့် ​ရွာသွန်းခြင်းမရှိတဲ့အတွက် ​ပိုပြီး ​ဒုက္ခရောက်နေကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပါကစ္စတန် အပူလှိုင်းကြောင့် ၁၀၀၀ ကျော်သေ  ပါကစ္စတန် အပူလှိုင်းကြောင့် ၁၀၀၀ ကျော်သေ Reviewed by သစ်ထူးလွင် on 11:15 Rating: 5
Powered by Blogger.