ဖီဖာအရာရှိဟောင်းက အဂတိလိုက်စားကြောင်း ဝန်ခံ

လာဒ်စားမှု လုပ်ခဲ့တယ်လို့ ဝန်ခံသူ Chuck Blazer (ယာ) ကို ဖီဖာ ဥက္ကဌဟောင်း Sepp Blatter နဲ့ တွေ့ရစဉ် (Credit: AFP)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ​ဖီဖာ ​အရာရှိဟောင်း ​Chuck ​Blazer ​က ​၁၉၉၈ ​ခုနှစ်နဲ့ ​၂၀၁၀ ​ပြည့်နှစ် ​ကမ္ဘာ့ဖလားအတွင်း ​အဂတိလိုက်စားမှုတွေ ​လုပ်ခဲ့ကြောင်း ​အမေရိကန် ​တရားရုံးမှာ ​ဝန်ခံလိုက်ပါတယ်။

၁၉၉၈ ​ခုနှစ် ​ပြင်သစ်နိုင်ငံမှာ ​ကျင်းပတဲ့ ​ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ ​၂၀၁၀ ​ပြည့်နှစ်မှာ ​ကျင်းပတဲ့ ​တောင်အာဖရိက ​ကမ္ဘာ့ဖလားအတွင်း ​လိုက်စားမှုတွေ ​လုပ်ခဲ့တာလို့ ​ဝန်ခံလိုက်တာပါ။

သူနဲ့အတူ ​တခြား ​ဖီဖာ ​အရာရှိတွေကလည်း ​လာဒ်စားမှု ​လုပ်ခဲ့ကြတယ်လို့ ​ပြောပါတယ်။

တောင်အာဖရိက ​နိုင်ငံကတော့ ​လာဒ်ထိုးပြီး ​ကမ္ဘာ့ဖလားမှာ ​အိမ်ရှင် ​ဖြစ်ခွင့်ရအောင် ​မလုပ်ဆောင်ခဲ့ဘူးလို့ ​ပြောပါတယ်။

ဖီဖာ ​အရာရှိတွေကို ​အမေရိကန် ​ဒေါ်လာ ​၁၀ ​သန်းလောက် ​ပေးခဲ့ပေမယ့် ​အဲဒါကို ​တောင်အာဖရိကအစိုးရက ​လာဒ်ထိုးတယ်လို့ ​မမြင်ခဲ့ပါဘူး။

အင်္ဂါနေ့တုန်းက ​ထုတ်ပြန်တဲ့ ​ဖီဖာရဲ့ ​ထုတ်ပြန်ချက်မှာတော့ ​တောင်အာဖရိက ​အစိုးရက ​၂၀၁၀ ​ကမ္ဘာ့ဖလားကို ​အိမ်ရှင်အဖြစ် ​ကျင်းပခွင့်ရဖို့ ​ဒေါ်လာ ​၁၀ ​သန်း ​ပေးတာကို ​ဖီဖာက ​၂၀၀၇ ​ခုနှစ်မှာ ​လက်ခံခဲ့တယ်လို့ ​ပါရှိပါတယ်။

ဒါ့အပြင် ​ရုရှားနဲ့ ​ကာတာနိုင်ငံမှာ ​ကျင်းပမယ့် ​၂၀၁၈ ​ခုနှစ်နဲ့ ​၂၀၂၂ ​ခုနှစ် ​ကမ္ဘာ့ဖလားနဲ့ ​ပတ်သက်ပြီး ​လာဒ်စားမှုတွေ ​ရှိမရှိ ​ဆိုတာကိုလည်း ​ရဲတွေက ​စုံစမ်းနေပြီ ​ဖြစ်ပါတယ်။

အင်္ဂလန် ​ဘောလုံးအသင်း ​ခေါင်းဆောင်ဟောင်း ​ဒေးဗစ် ​ဘက်ဟမ်း ​ကလည်း ​ဖီဖာမှာ ​ဖြစ်ပျက်ခဲ့တဲ့ ​မသမာ ​မှုတွေဟာ ​လက်ခံနိုင်စရာ ​မရှိသလို ​ရွံစရာ ​ဖြစ်တယ်လို့ ​ပြောဆိုခဲ့ပါတယ်။

ဘောလုံးကို ​ထိပ်ပိုင်းက ​လူတချို့ပဲ ​ပိုင်ဆိုင်တာ ​မဟုတ်ပဲ ​ကမ္ဘာတဝှမ်းက ​သန်းနဲ့ချီတဲ့ ​လူတွေက ​ပိုင်ဆိုင်တဲ့အတွက် ​ဖီဖာမှာ ​အပြောင်းအလဲတွေ ​လုပ်ရမယ်လို့ ​မှတ်ချက်ပေးလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖီဖာအရာရှိဟောင်းက အဂတိလိုက်စားကြောင်း ဝန်ခံ  ဖီဖာအရာရှိဟောင်းက အဂတိလိုက်စားကြောင်း ဝန်ခံ Reviewed by သစ်ထူးလွင် on 21:46 Rating: 5
Powered by Blogger.