လှေစီး ဒုက္ခသည်များကို ဥပဒေ အရ ဖြေရှင်းသွားမည်

လှေစီးဒုက္ခသည်တွေအရေး သတင်းစာရှင်းလင်းပွဲကို မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ရှင်းလင်းနေစဉ်။ Photo: Thiha Tun/ RFA
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းသွား မှာဖြစ်ပြီး လှေစီးဒုက္ခသည်အရေး ဟာ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်အတွက် အရေးကြီးကြောင်း ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း က လှေစီးဒုက္ခသည်တွေအရေးကို အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အနာဂတ်ကိုသွားတဲ့အခါမှာ ကျနော်ယနေ့ တည်ငြိမ်မှုရှိအောင်လုပ်မယ်၊ ပြီးရင်လှေစီး ဒုက္ခသည်တွေကို ရသင့်ရထိုက်တဲ့အခွင့်အရေးရအောင် ကျနော်လုပ်ပေးမယ်၊ အားလုံး သည်ဥပဒေအရဖြစ်ရမယ်၊ ဒီလိုကျနော် ရဲရဲတင်းတင်းပြောရဲတယ်၊ ဒီပြဿနာတွေ အားလုံး နောင်ထိအောင်ဆိုရင် လှေစီးဒုက္ခသည်ကိစ္စသည် မြန်မာနိုင်ငံ ရဲ့ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်ရဲ့ဂုဏ်သိက္ခာအထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာ အရေးကြီး တယ်၊ ဒါတွေဟာ ကျနော်တို့က အမှန်တရားကိုဖော်ထုတ်ပေးပါလို့ ပြောချင်တယ်"

ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ လှေစီးဒုက္ခသည် ၂၀၀ ကျော် ကို ကယ်တင်ထားခဲ့ပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက်သွယ်ပြီး ပြန်လည်ပေးပို့သွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ထဲကို ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၇၀၀ ကျော်နဲ့ ပတ်သက်ပြီး  မေးမြန်းရာမှာ ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်မှု မရှိတဲ့အတွက် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

အဲဒီလှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ဟိုင်းကြီးကျွန်းမှာ ယာယီထားရှိတယ်လို့  သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/
လှေစီး ဒုက္ခသည်များကို ဥပဒေ အရ ဖြေရှင်းသွားမည် လှေစီး ဒုက္ခသည်များကို ဥပဒေ အရ ဖြေရှင်းသွားမည် Reviewed by သစ်ထူးလွင် on 04:47 Rating: 5
Powered by Blogger.