ဩစတြီးယားမှာ လူအုပ်ထဲ ကားနဲ့ဝင် တိုက်ခိုက်မှုဖြစ်



ဩစတြီးယား နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ ဂရတ်စ် မှာ လူတစ်ယောက် ကားကို အရှိန်နဲ့ မောင်းလာပြီး လမ်းဘေး မှာ ရှိနေတဲ့ လူအုပ်ထဲ တိုးဝင် တိုက်ခိုက် ခဲ့လို့ လူ ၃ ဦး သေဆုံး ခဲ့ရပြီး၊ အယောက် ၃၀ ကျော်လည်း ဒဏ်ရာ ရ သွားပါတယ်။

ဒါ့အပြင် ကားမောင်းသမား ဟာ ကားထဲက ထွက်လာပြီး ဓားနဲ့ လည်း လူအုပ်ကို တိုက်ခိုက်ခဲ့ ပါတယ်။

အဲဒီ့ ၂၆ နှစ် အရွယ် ဩစတြီးယား နိုင်ငံသား ကို ရဲ က ဖမ်းထားပြီး၊ သူဟာ စိတ် ပိုင်းဆိုင်ရာ မူမမှန် သူ တစ်ဦး ဖြစ်ပြီး တခြား နိုင်ငံရေး ရည်ရွယ်ချက် မရှိကြောင်း ဒေသခံ အာဏာပိုင် တွေ က ပြောပါတယ်။

အဖြစ်အပျက် ကို ကိုယ်တိုင် မြင်လိုက် ရတဲ့ ဂရတ်စ် မြို့တော်ဝန် ဇိဖရိဒ်နာဂလ် က
မြို့တော် အတွက် ဝမ်းနည်းဖွယ် အကောင်းဆုံး နေ့တစ်နေ့ ဖြစ်ခဲ့ ရပြီး တစ်မြို့လုံး တုန်လှုပ် နေကြ ရကာ ဆေးရုံပေါ် ရောက် သွားသူ တွေ အတွက် ဆုတောင်း ပေးနေကြပါတယ် ဆိုပြီး ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဩစတြီးယားမှာ လူအုပ်ထဲ ကားနဲ့ဝင် တိုက်ခိုက်မှုဖြစ် ဩစတြီးယားမှာ လူအုပ်ထဲ ကားနဲ့ဝင် တိုက်ခိုက်မှုဖြစ် Reviewed by သစ်ထူးလွင် on 08:45 Rating: 5
Powered by Blogger.