လူမည်းကလေး သေဆုံးမှု ၊ အမေရိကန် ရဲအရာရှိ ၂ ဦး အမှုရင်ဆိုင်နေရ


အမေရိကန်နိုင်ငံ Ohio ပြည်နယ် Cleveland မြို့မှာ ၁၂ နှစ်အရွယ် လူမည်းကလေးကို ပစ်သတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိတဦးကို လူသတ်မှုနဲ့ စွဲချက်တင်သင့်တယ်လို့ တရားသူကြီးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက အပမ်းဖြေစခန်းတခု အပြင်မှာ Tamir Rice လို့ခေါ်တဲ့ အဲဒီကလေးဟာ အရုပ်သေနတ်ကိုင်ဆောင်ထားတာကို ရဲအရာရှိက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် သေဆုံးခဲ့တာဖြစ်ပါတယ်။

တရားသူကြီး Ron Adrine က ရဲအရာရှိဖြစ်သူ Timothy Loehmann ကို လူသတ်မှု၊ လူသေမှုတို့နဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့အထောက်အထားတွေ ရှိတယ်လို့ဆိုပါတယ်။

နောက်ထပ် ရဲအရာရှိတဦးဖြစ်သူ , Frank Garmback ကိုလည်း ပြစ်မှုဆိုင်ရာဥပဒေအရ တရားစွဲဆိုဖို့ရှိတယ်လို့ တရားသူကြီးက ပြောပါတယ်။

ရဲအရာရှိတွေဘက်ကတော့ Tamir Rice ကိုင်ဆောင်ထားတဲ့ သေနတ်ဟာ တကယ့်သေနတ်နဲ့တူပြီး သူတို့က ကလေးကို လက်မြှောက်ဖို့ သုံးကြိမ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လူမည်းကလေးရဲ့မိသားစုတွေဘက်ကတော့ ဗွီဒီယို မှတ်တမ်းထဲမှာ ရဲအရာရှိတွေက အလျင်စလို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလူမည်း ကလေးငယ် သေဆုံးမှုကြောင့် Cleveland မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
လူမည်းကလေး သေဆုံးမှု ၊ အမေရိကန် ရဲအရာရှိ ၂ ဦး အမှုရင်ဆိုင်နေရ  လူမည်းကလေး သေဆုံးမှု ၊ အမေရိကန် ရဲအရာရှိ ၂ ဦး အမှုရင်ဆိုင်နေရ Reviewed by သစ်ထူးလွင် on 16:44 Rating: 5
Powered by Blogger.