တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်မည်


ရန်ကုန်၊ ဇွန်လ ၁ ရက်

 ၂၀၁၅ ခုနှစ် မတ်လ အတွင်းက ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း  ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ကြေငြာသည်။

စာမေးပွဲ အောင်စာရင်များ အားလုံးကို တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ အသီးသီးတွင် နံနက် ၆ နာရီမှ စတင်ကာ တချိန်တည်း ကပ်ထား  ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

၂၀၁၅ ခုနှစ် တက္ကသိုလ် ၀င် စာမေးပွဲ အောင်စာရင်းကို ဇွန်လ  ၆ ရက်နေ့တွင် အွင်လိုင်းမှ တစ်ဆ့င်လည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး www.moemyanmar.net သို့ သွားရောက်ကြည့်ရှု့နိုင်ကြောင်း မြန်မာ နိုင်ငံ စာစစ် ဦးစီဌာနမှ ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၃၁၆၅၃  ဦး ရှိသည်ဟု သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်မည်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်မည် Reviewed by သစ်ထူးလွင် on 18:36 Rating: 5
Powered by Blogger.