စာနယ်ဇင်းသမားကို မီးရှို့သတ်မှုနဲ့ လူ ၃ ဦးကိုဖမ်း


 အိန္ဒိယ နိုင်ငံ မှာတော့ Sandeep Kothari အမည် ရှိတဲ့ စာနယ်ဇင်း သမား တစ်ဦး ကို ပြန်ပေးဆွဲ ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ် ခဲ့မှု နဲ့ ပတ်သက်ပြီး သံသယ ရှိရ တဲ့ လူ ၃ ဦး ကို ရဲ က ဖမ်းလိုက် ပါတယ်။

မစ္စတာ ကိုသာရီ ဟာ မာ့ဒ်ယူ ပရာဒက်ရှ် ပြည်နယ် နေအိမ် ကနေ ပြီးခဲ့ သောကြာ နေ့ က ဖမ်းဆီး ခေါ်ဆောင် သွားခံ ခဲ့ရတာ ဖြစ်ပါတယ်။

သူ သတင်းရေး နေတဲ့ တရားမဝင် မိုင်းတွင်း အမှု နဲ့ ပတ်သက်ပြီး အခုလို ပစ်မှတ်ထား သတ်ဖြတ် ခံခဲ့ရတာ ဖြစ်နိုင်တယ် လို့ အိန္ဒိယ မီဒီယာ တွေ မှာ ဖော်ပြ နေ ကြပါတယ်။

မြောက်ပိုင်း ဥတာ ပရာဒက်ရှ် ပြည်နယ် ထဲ မှာလည်း စာနယ်ဇင်း သမား ၂ ဦး ဟာ ဒီလ အစော ပိုင်း ကပဲ တိုက်ခိုက် ခံခဲ့ရ လို့ တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ ပါသေးတယ်။

BBC Burmese
https://www.facebook.com/bbcburmese
စာနယ်ဇင်းသမားကို မီးရှို့သတ်မှုနဲ့ လူ ၃ ဦးကိုဖမ်း  စာနယ်ဇင်းသမားကို မီးရှို့သတ်မှုနဲ့ လူ ၃ ဦးကိုဖမ်း Reviewed by သစ်ထူးလွင် on 08:33 Rating: 5
Powered by Blogger.