ပညာရေးကိစ္စ ဖမ်းဆီးခံရ သူတွေ ပြန်လွှတ်ရေး မိတ္တီလာမှာ ဆန္ဒပြ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားပြည်သူတွေကို လွှတ်ပေးဖို့ မန္တလေးမြို့မှာ မေလ ၂၀ ရက်နေ့က တောင်းဆို ဆန္ဒပြနေစဉ်။ Photo: Nay Thway/RFA
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့အတွက် မိတ္တီလာမြို့ မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၅၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို လွတ်မြောက်ဖို့အတွက် တောင်းဆိုခဲ့ကြတာလို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မိထ္ထီလာမြို့ခံ ကိုထိန်မင်းခိုင် က ပြောပါတယ်။

"ကြွေးကြော်သံတွေကတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးရယ်၊ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးရယ်၊ အကြမ်းဖက်မှုရပ်တန့်ရေးရယ်၊ တရားဥပဒေစိုးမိုးရေး၊ မတရားမှုပပျောက်ရေး၊ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ဖမ်းဆီးခံ ဝန်းရံပြည်သူများလွတ်မြောက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းသာယာရေးပေါ့၊ အားလုံးပေါင်းကြွေးကြော်သံ ၈ ချက်ပေါ့၊ အဲ့ထဲက အဓိက ၂ ချက်ကတော့ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ဖမ်းဆီးခံဝန်းရံပြည်သူများ လွတ်မြောက်ရေးပါ"

ဆန္ဒပြသူတွေဟာ မိထ္ထီလာမြို့ နာရီစင်အနီး အောင်မင်္ဂလာ ဇာတ်ရုံကနေ ဗိုလ်ချုပ် အောင်ဆန်း ကျောက်တိုင် အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို မိထ္ထီလာမြို့က ဒေသခံတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေနဲ့ ရမည်းသင်း၊ မလိုင်နဲ့ ပျော်ဘွယ်မြို့ က ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပညာရေးကိစ္စ ဖမ်းဆီးခံရ သူတွေ ပြန်လွှတ်ရေး မိတ္တီလာမှာ ဆန္ဒပြ  ပညာရေးကိစ္စ ဖမ်းဆီးခံရ သူတွေ ပြန်လွှတ်ရေး မိတ္တီလာမှာ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 09:57 Rating: 5
Powered by Blogger.