တစ်ဦးနှင့်တစ်ဦး စ,နောက်ပြီး စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်



နေပြည်တော်၊ ဇွန် ၁

၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာ အနီးတွင် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ ရွှေညောင်ပင်ကျေးရွာ၏အနောက်တောင်ဘက်(၄)ဖာလုံခန့်အကွာရှိ တောထဲတွင် တောင်တွင်းကြီး မြို့နယ်၊ ရှမ်းကိုင်းကျေးရွာနေ လင်းလင်း(၂၄)နှစ်၊ တစ်ရွာတည်းနေ ခိုင်စိုးလင်း(ခ)ဒိုးကြီး(၁၉)နှစ်နှင့် ခင်မောင်ထူး(၃၀)နှစ်တို့ နွားကျောင်းနေစဉ် လင်းလင်းနှင့် ခိုင်စိုးလင်း(ခ)ဒိုးကြီးတို့ တစ်ဦးနှင့်တစ်ဦး စ,နောက်ရာက စကားများရန်ဖြစ်ပြီး ခိုင်စိုးလင်း(ခ)ဒိုးကြီးမှ အသင့်ပါလာသော အရိုးအသွား(၂၄) လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့်ခုတ်၍ လင်းလင်း တွင် ဒဏ်ရာများရရှိသေဆုံးခဲ့ကြောင်း သိရှိရသော ကြောင့် ခိုင်စိုးလင်း(ခ)ဒိုးကြီးအား ဒန့်ဒလွန်ပင်နယ်မြေရဲစခန်း(ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
တစ်ဦးနှင့်တစ်ဦး စ,နောက်ပြီး စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ် တစ်ဦးနှင့်တစ်ဦး စ,နောက်ပြီး စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ် Reviewed by သစ်ထူးလွင် on 19:56 Rating: 5
Powered by Blogger.