ရသေ့တောင်မြို့နယ်မှဒေသခံများ တိုက်နယ်ဆေးရုံရရှိရေး ဆန္ဒထုတ်ဖေါ်


ဇွန်လ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ တိုက်နယ်ဆေးရုံတစ်ခုရရှိရေး အတွက်ဒေခံများက ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်တန်းတိုက်နယ်အုပ်စုတွင် ကျေးရွာပေါင်း ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်နှင့် သွားလာရခက်ခဲ့ ကာ ဒေသခံများ၏ ကျန်းမာရေးအတွက် များစွာထိခိုက်လျက်ရှိကြောင်းလည်းသိရသည်။

“ ဒီတိုက်နယ်မှာ ဆေးရုံမရှိတဲ့အတွက် ဒေသခံတွေအများကြီး ကျန်းမာရေးအတွက် ဒုက္ခရောက်ကြရတယ်။ နာမကျန်းလို့ ရသေ့တောင်ကိုသွားဆေးကုမယ်ဆိုရင် ဘုတ်နဲ့ ၅ နာရီ လောက်မောင်းရတယ်။ အထက်ကို တင်ပြတာလဲကြာပြီ၊ ဒါပေမဲ့အခုထိကျမလာအတဲ့အတွက် ကျွန်တော်တို့အခုလို ဆန္ဒဖေါ်ထုတ်ရတာ ဖြစ်တယ်။ တစ်ချို့ လူနာတွေဆိုရင် ဆေးရုံကိုသွားရင်းနဲ့ လမ်းမှာသေဆုံးသွားရတာတွေလဲရှိတယ်”ဟု ဆန္ဒဖေါ်ထုတ်မှုကို ဦးဆောင်သူ ဦးမောင်သောင်းချေကပြောသည်။


လက်ရှိကျောက်တန်းတိုက်နယ်ကျေးရွာများတွင် ကျေးလက်ဆေးပေးခန်းသာရှိပြီ မြို့ကိုသွားရန်ရေလမ်းကို သာအထိကသွားလာနေရကြောင်းနှင့် မိုးရာသီဖြစ်သည်အတွက်ပို၍ သွားလာရခက်ခဲ့နေကြကြောင်း၊ ကျောက်တန်း တိုက်နယ်တွင် လူဦးရေ ၃၅၀၀၀ ကျော်ခန့်နေထိုင်လျက်ရှိရာ တိုက်နယ်ဆေးရုံ တစ်ခုမဖြစ်အနေလို အပ်နေကြောင်း လည်းသိရသည်။

“ကျွန်တော်တို့ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှာ ရွာပေါင်း ၄၃ ရွာရှိပါတယ်။ လူဦးရေအားဖြင့် ၃၅၀၀၀ ကျော်ရှိတယ်။


အဲဒီမှာ ဆေးပေးခန်းတစ်ခုတည်းသာရှိတယ်။ ဒါ့ကြောင့်ကျွန် တော်တို့ဒေသမှာကျန်းမာရေး စောင့်ရှောက်မှုအဓိကလိုအပ်နေတဲ့အတွက် ဆေးရုံတစ်ရုံလျှောက်ထားတာ သုံးနှစ်ခန့် ရှိပါပြီ။ အဲဒါ အခုထိဘာမှမရရှိသေးတဲ့အတွက် အစိုးကမသိလို့လား။

ဒါမှမဟုတ် ပြည်နယ်ကပဲခုထားလို့လားဆိုတာကို အခုထိ သိရသေးတဲ့အတွက် အခုလို ဆန္ဒထုတ်ဖေါ် လိုက်ရတာပါ”ဟု ဆန္ဒထုတ်ဖေါ်မှုတွင်ပါဝင်သူ ဒေသခံတစ်ဦးကလည်း ပြောသည်။

ယင်းဆန္ဒဖေါ်ထုတ်မှုတွင် လူအင်းအား ၂၀၀ ကျော်ခန့်ပါဝင်ခဲ့ကြပြီး၊ နေ့လည် ၁၂ နာရ်ီမှစတင်ခဲ့ကြကာ နေ့လည် ၁ နာရီအချိန်၌ ပြီးဆုံးခဲ့ကြကြောင်းလည်းသိရသည်။

မောရဇော်(ကျောက်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရသေ့တောင်မြို့နယ်မှဒေသခံများ တိုက်နယ်ဆေးရုံရရှိရေး ဆန္ဒထုတ်ဖေါ်  ရသေ့တောင်မြို့နယ်မှဒေသခံများ တိုက်နယ်ဆေးရုံရရှိရေး ဆန္ဒထုတ်ဖေါ် Reviewed by သစ်ထူးလွင် on 20:04 Rating: 5
Powered by Blogger.