ဆီးဂိမ်းပြိုင်ပွဲ မြန်မာ ရွှေတံဆိပ် ၇ ခု ရနေ


စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ဇွန်လ ၈ ရက် မနက်အစောပိုင်းအထိ မြန်မာက ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၉ ခု စုစုပေါင်း ဆုတံဆိပ် ၂၆ ခု ရနေပါတယ်။

မြန်မာအတွက် ရွှေတံဆိပ်တွေကိုတော့ ကနူးလှေ၊ ရိုးရာလှေ၊ ၀ူရှူး၊ ခြင်းလုံးနဲ့ ဂျူဒို အားကစားနည်းတွေက ရခဲ့တာဖြစ်ပါတယ်။

နိုင်ငံအလိုက်ဇယားမှာတော့ စင်ကာပူက ရွှေ ၂၇ ခုနဲ့ ပထမ၊ ဗီယက်နမ်က ၂၁ ခုနဲ့ ဒုတိယ၊ ထိုင်းက ရွှေ ၂၀ နဲ့ တတိယ နေရာမှာ အသီးသီး ရပ်တည်နေပြီး မြန်မာကတော့ နိုင်ငံအလိုက် အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

ဓာတ်ပုံ – ဆီးဂိမ်း
By DVB
http://burmese.dvb.no

ဆီးဂိမ်းပြိုင်ပွဲ မြန်မာ ရွှေတံဆိပ် ၇ ခု ရနေ  ဆီးဂိမ်းပြိုင်ပွဲ မြန်မာ ရွှေတံဆိပ် ၇ ခု ရနေ Reviewed by သစ်ထူးလွင် on 09:48 Rating: 5
Powered by Blogger.