ဘလော့ဂါတဦး ကြိမ်ဒဏ်နဲ့ ထောင်ဒဏ် ချမှတ်ခံရ


ဆော်ဒီအာရေဗျနိုင်ငံမှာ အစ္စလာမ်ဘာသာကို စော်ကားလို့ဆိုပြီး အွန်လိုင်းပေါ်မှာ စာရေးသားတဲ့ ဘလော့ဂါ Raif Badawi ကို ကြိမ်ဒဏ် အချက် ၁ထောင်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချထားခဲ့မှုအပေါ် ဆော်ဒီ အထက်ရုံးတော်က ထပ်မံအတည်ပြုလိုက်ပါတယ်။

ဒါကြောင့် လာမယ့် သောကြာနေ့မှာ ပြစ်ဒဏ်ချခံရမယ့်အပေါ် စိုးရိမ်နေကြကြောင်း အဲဒီ ဘလော့ဂါရဲ့ ဇနီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

Raif Badawi ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက ကြိမ်ဒဏ် အချက် ၁ ထောင်ရဲ့ ပထမအကျော့အနေနဲ့ အချက် ၅၀ စတင် ရိုက်နှက်ရာကနေ တကမ္ဘာလုံး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတဲ့ နောက်ပိုင်း ဆော်ဒီ အာဏာပိုင်တွေက သူရဲ့အမှုကို အထက်ရုံးတင်ပြပြီး ပြန်လည် သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဘလော့ဂါတဦး ကြိမ်ဒဏ်နဲ့ ထောင်ဒဏ် ချမှတ်ခံရ  ဘလော့ဂါတဦး ကြိမ်ဒဏ်နဲ့ ထောင်ဒဏ် ချမှတ်ခံရ Reviewed by သစ်ထူးလွင် on 11:25 Rating: 5
Powered by Blogger.