မင်္ဂလာတောင်ညွန့်တွင် အသက်ရှစ်ဆယ်ကျော် အဘိုးအိုအား ခေါင်းအုန်းဖြင့် ဖိသတ်သူများ ဖမ်းမိ

မင်္ဂလာတောင်ညွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှု
ကျူးလွန်သူ များအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၂၉

၂၇.၆.၂၀၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီး ရပ်ကွက်၊ (၁၁၃)လမ်းနေ ဦးခင်မောင်လေးသည် အစ်မဖြစ်သူနှင့်အတူ နေအိမ်သို့ ပြန်ရောက်စဉ် အိမ်တံခါးဖွင့် မရသဖြင့် သော့ဖျက်ပြီး ၀င်ရောက်ခဲ့ရာ နေအိမ်အတွင်းရှိ ဘီရိုနှင့် သေတ္တာများမှာ ပြန့်ကျဲနေပြီး နေအိမ် နောက်ခန်းတွင် ဖခင်ဖြစ်သူ ဦးကရင်ကျော်ငြိမ်း၊ (၈၇)နှစ်မှာ ခြေလက်များကို အ၀တ်နှင့် စည်းနှောင်ခံထားရကာ လည်ပင်း တွင်လည်း အ၀တ်စချည်နှောင်ထားလျက် ပက်လက်အနေအထားဖြင့်
သေဆုံးနေသည် ကိုတွေ့ရှိရ၍ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ) ၅၃၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များက ပြစ်မှု ကျူးလွန်သူများ ဖြစ်သည့် သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ၊ (ဃ) ရပ်ကွက်နေ မျိုးဝင်း၊ (က)ရပ်ကွက်နေ အောင်မျိုးဝေနှင့် ချစ်ထိုက်အောင်တို့ လူငယ်(၃)ဦးနှင့် ရန်အောင်ရပ်ကွက်နေ အောင်မျိုးမင်း၊ (၂၀)နှစ် တို့အား စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ကို ၂၈.၆.၂၀၁၅ ရက်နေ့ ၂၂၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့အား စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ချစ်ထိုက်အောင်မှာ ယခင်က သေဆုံးသူ၏စက်ချုပ်ဆိုင်တွင် အလုပ်သမား အဖြစ်လုပ်ခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့သော ၆ လခန့်က အလုပ်ထုတ်ခံထားရသူ ဖြစ်ကြောင်း၊ ၎င်းတို့(၄)ဦးမှာ ယင်းနေ့ ၁၆၀၀ အချိန်ခန့်တွင် အခင်းဖြစ် တိုက်ခန်းသို့ လာရောက်ခဲ့ပြီး အတွင်းသို့ဝင်ရောက်စဉ် သေဆုံးသူနှင့် တွေ့ရှိသဖြင့် လုံးထွေးသတ်ပုတ်ကာ ခြေ၊ လက်၊ လည်ပင်းတို့အား အ၀တ်ဖြင့်ချည်နှောင်၍ မျက်နှာအား ဖက်ခေါင်းအုံးဖြင့် တလှည့်စီဖိထားခဲ့
ကြောင်း၊ နေအိမ်အတွင်းမှ ငွေကျပ်(၁)သိန်းခန့်နှင့် အရောင်မျိုးစုံရှိကျောက် များထည့်ထားသည့်ဗူးအား ယူဆောင်ကာ အိမ်တံခါးကို လော့ချပိတ်ထား ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ပြီး ၎င်းတို့(၄)ဦးယူဆောင်သွားသည့် ကျောက်များနှင့် ငွေအချို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မင်္ဂလာတောင်ညွန့်တွင် အသက်ရှစ်ဆယ်ကျော် အဘိုးအိုအား ခေါင်းအုန်းဖြင့် ဖိသတ်သူများ ဖမ်းမိ မင်္ဂလာတောင်ညွန့်တွင် အသက်ရှစ်ဆယ်ကျော် အဘိုးအိုအား ခေါင်းအုန်းဖြင့် ဖိသတ်သူများ ဖမ်းမိ Reviewed by သစ်ထူးလွင် on 19:20 Rating: 5
Powered by Blogger.