မိုးရွာသွန်းမှုကြောင့် လမ်းဘေး ကပ်တုံးများအား ၀င်ရောက်တိုက်မိ

 မိုးရွာသွန်းမှုကြောင့် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကပ်တုံးများအား ၀င်ရောက်တိုက်မိ
နေပြည်တော်၊ ဇွန် ၁၁

၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၃/၇)နှင့် (၁၅၄/၀)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကျော်ဝင်း(၃၅)နှစ်မောင်းနှင်လာသော 1D/×××× TOYOTA LEXUS ခဲရောင်ယာဉ်မှာ မိုးရွာသွန်းမှုကြောင့် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကပ်တုံး (၃)တုံးအား ဝင်ရောက်တိုက်မိကာ တံတားဘောင်ကို ထပ်မံတိုက်မိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ 1D/×××× ယာဉ်၏ ရှေ့ခေါင်းပိုင်းကြေမွ၊ ဝဲ/ယာရှေ့ဘီးပွင့်၊ ဝဲဘက်ရှေ့ဘီးပြုတ်ထွက်၍ တန်ဖိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ကျော်ဝင်းအား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုးရွာသွန်းမှုကြောင့် လမ်းဘေး ကပ်တုံးများအား ၀င်ရောက်တိုက်မိ  မိုးရွာသွန်းမှုကြောင့် လမ်းဘေး ကပ်တုံးများအား ၀င်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 06:24 Rating: 5
Powered by Blogger.