တောင်ငူတက္ကသိုလ် (ကြို/ပို့)ယာဉ်တစ်စီး တိမ်းမှောက် ကျောင်းသူ ၂၈ ဦး လိုက်ပါလာရာ ၂၅ ဦး ဒဏ်ရာရ


တောင်ငူ ဇွန် ၁

ဇွန် ၁ ရက် နံနက် ၁၁ နာရီခွဲ ခန့်တွင် တောင်ငူမြို့ လဲဘူးကျေးရွာ အုပ်စု ကောင်းမှုတော်ရွာသစ်နှင့် အမြန်လမ်းမကြီးကို ဆက်သွယ်ထား သော ကွန်ကရစ်လမ်းတို့ ဆုံရာ လမ်းဆုံအနီးတွင် တောင်ငူတက္ကသိုလ် (ကြို/ပို့)ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အမြန်လမ်းမကြီး နှင့် ပုံမှန်လမ်းဟောင်းတို့ ဆက်သွယ် ထားသော ကွန်ကရစ်လမ်းအတိုင်း အမြန်လမ်းမကြီးဘက်မှ ပုံမှန်လမ်း ဟောင်းဘက်သို့ ယာဉ်မောင်း မြင့်လွင်(၄၄ နှစ်) (၂)ရပ်ကွက် တောင်ငူမြို့နေသူ မောင်းနှင်ပြီး တောင်ငူတက္ကသိုလ်ကျောင်းသူ ၂၈ ဦး လိုက်ပါစီးနင်းလာသည့် လိုက် ထရပ်အဖြူရောင်ယာဉ်သည် အဆို ပါနေရာ လမ်းဆုံအနီးသို့အရောက် တွင် လမ်းပေါ်ပြေးတက်လာသည့် ခွေးတစ်ကောင်ကို ရှောင်တိမ်းရာမှအရှိန်မထိန်းနိုင်ဘဲ လမ်း၏မြောက် ဘက်ဘေးသို့ တိမ်းမှောက်သွား ခဲ့သည်။

ယာဉ် တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် တောင်ငူတက္ကသိုလ် ကျောင်းသူ ၂၈ ဦးအနက် ၂၅ ဦးသည် ဒဏ်ရာများ ရရှိခဲ့၍ တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

''ဦးခေါင်းထိထားတဲ့ ကျောင်းသူ တွေကိုတော့ ဓာတ်မှန်ရိုက်ထားပြီး ၂၄ နာရီ စောင့်ကြည့်ရမယ်၊ ညှပ်ရိုးကျိုးသွားတဲ့ကျောင်းသူတွေတော့ ရှိ တယ်၊ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး၊ ကျောင်းသူသုံးဦးကတော့ စောင့်ကြည့်ရမယ့် အခြေအနေရှိ တယ်'' ဟု တာဝန်ရှိသူ ဆရာဝန် တစ်ဦးက ရှင်းပြ၍ သိရသည်။

ဆေးရုံသို့ ရောက်ရှိနေသည့် ကျောင်းသူများထံသို့ တောင်ငူ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ တောင်ငူမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် တာဝန်ရှိ သူများက လိုအပ်သည်များကို လာ ရောက်ကူညီ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ (အောက်ပုံ)

ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအား တောင်ငူမြို့ အမှတ် (၂)ရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

သူရ(တောင်ငူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူတက္ကသိုလ် (ကြို/ပို့)ယာဉ်တစ်စီး တိမ်းမှောက် ကျောင်းသူ ၂၈ ဦး လိုက်ပါလာရာ ၂၅ ဦး ဒဏ်ရာရ  တောင်ငူတက္ကသိုလ် (ကြို/ပို့)ယာဉ်တစ်စီး တိမ်းမှောက် ကျောင်းသူ ၂၈ ဦး လိုက်ပါလာရာ ၂၅ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 08:56 Rating: 5
Powered by Blogger.