ကျောင်းသားထု လိုလားချက် နဲ့မကိုက်ရင် သပိတ် ပြန်စမည်

 မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပစဉ် Photo: NNER
ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသားထု တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ည်ီခဲ့ရင် သပိတ်တိုက်ပွဲပြန်စမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီ က RFA ကို ပြောဆိုပါတယ်။

ပြည်ထောင်စုလွတ်တော်မှာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆွေးနွေးရာမှာလည်း   အစိုးရ၊ လွတ်တော် NNERအဖွဲ့နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီစတဲ့ အဖွဲ့တွေရဲ့ လေးပွင့်ဆိုင် သဘော တူညီချက်တွေနဲ့ မကိုက်ညီမူတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်က အခုလို ပြောပါတယ်။

"ဒီလိုဗျာ၊ သပိတ်ကရှိနေတယ်၊ သပိတ်ကမှောက်ထားတုန်းဘဲ၊ ဒါသပိတ်မှောက်ထားဆဲ ဖြစ်တယ်ပေါ့လေ၊ ကျန်တဲ့ သပိတ်စစ်ကြောင်းတွေကို ကြည့်မယ်ဆို ရင်လည်း မြေလတ်သပိတ်စစ်ကြောင်းတို့၊ ဧရာဝတီ၊ ထားဝယ်စစ်ကြောင်းတွေ ကိုယ်တိုင်လည်း သပိတ်ကိုရပ်နားထားပြီးတော့ ၁၁ ချက်နဲ့ အညီဖြစ်မလာဘူး ဆိုရင် သပိတ်တွေဆက်လက်ထွက်ခွာမယ့် အခြေအနေတွေရှိတယ်၊ ကျနော်တို့ တောင်းဆိုတဲ့အတိုင်းဖြစ်မလာဘူးဆိုရင် တစ်စုံတစ်ရာတုန့်ပြန်မှုအခြေအနေ ရှိလာပြီ၊ ကျောင်းသားတွေဘက်က လှုပ်ရှားမှုတွေဆက်ပြီးတော့ လုပ်သွားဖို့အခြေအနေဖြစ်လာပြီ"

တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမူတွေ ပြန်လည်စတင်ဖို့ ဆွေးနွေးညှိနိုင်းဖွယ်ရှိတယ်လို့ ကိုအောင်နေပိုင်က ပြောပါတယ်။

အလားတူ NNER အဖွဲ့ကလည်း ဇွန်လ ၂၀ရက်နေ့က  ကျင်းပပြီးစီးသွားတဲ့ အဖွဲ့ရဲ့ ညီလာခံအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် ထဲမှာ လေးပွင့်ဆိုင်သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ရေးအတွက်၊ နိုင်ငံတော် သမ္မတထံ စာတင်မှာဖြစ်သလို၊ လက်ပံတန်းမှာ ဖမ်းဆီး ခံနေရတဲ့ ကျောင်းသားတွေ ပြန်လွတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောင်းသားထု လိုလားချက် နဲ့မကိုက်ရင် သပိတ် ပြန်စမည်  ကျောင်းသားထု လိုလားချက် နဲ့မကိုက်ရင် သပိတ် ပြန်စမည် Reviewed by သစ်ထူးလွင် on 21:54 Rating: 5
Powered by Blogger.