ကျည်ဆန်ရထားပေါ် အမျိုးသာတဦး မီးရှို့သတ်သေမှုကြောင့် လူ ၂ ဦး သေဆုံး


တိုကျို မှ အိုဆာကာသို့ ဦးတည်မောင်းနှင်သော ကျည်ဆန်ရထားပေါ်တွင် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေရာမှ လူ ၂ ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

 သတင်းများအရ ဇွန် ၃၀ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က နိုဇိုမီ ၂၂၅ ရှင်ကန်ဆန် ရထားပေါ်၌ အမျိုးသားတဦး မိမိကိုယ်ကို ဆီတမျိုးဖြင့်လောင်း၍ မီးတင်ရှို့ ခဲ့ကြောင်း သိရသည်။

 တာဝန်ရှိသူများက မီးကို အလျင်အမြန် ငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆိုပါအမျိုးသား သေဆုံးခဲ့သည်ဟု NHK သတင်းအရ သိရသည်။

 ယင်းဖြစ်ရပ်ကြောင့် ရထားကို ကာနာဂါဝါဒေသ အိုဒါဝါရာမြိုကတွင် နာရီအနည်းငယ်ကြာ ရပ်နားခဲ့ရသည်။

သေဆုံးသူအမျိုးသားသည် ရထား၏ပထမတွဲတွင် လိုက်ပါခဲ့သူဖြစ်၍ အရည်တမျိုးကို ၎င်း၏ကိုယ်ပေါ်နှင့် အနီးတ၀ိုက်တွင် လောင်းချပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း ရထား၏ ပထမတွဲနှင့် ဒုတိယတွဲကြားရှိ သန့်စဉ်ခန်းအနီးတွင် အသက် ၅၀ အရွယ် အမျိုးသမီးတဦး နှလုံးရပ်တန့်၍ လဲကျသေဆုံးသွားခဲ့ရကြောင်း သိရသည်။

 ထို့ပြင် လူ ၄ ဦး မီးခိုးမွှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အခြား ၇ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

၎င်းအမျိုးသားသည် မသေဆုံးမီ ကိုယ်ပေါ်သို့ ဆီများလောင်းချပြီး ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနေသည်ကို ဟန့်တားသူအမျိုးသမီးအား ဘေးကင်းရာသို့ထွက်သွားရန် ပြောခဲ့ကြောင်း ယင်းအမျိုးသမီးက ပြောသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးကြောင်း၊ စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

NHK
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကျည်ဆန်ရထားပေါ် အမျိုးသာတဦး မီးရှို့သတ်သေမှုကြောင့် လူ ၂ ဦး သေဆုံး  ကျည်ဆန်ရထားပေါ် အမျိုးသာတဦး မီးရှို့သတ်သေမှုကြောင့် လူ ၂ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 18:07 Rating: 5
Powered by Blogger.