မြန်မာနယ်စပ် နတ်မြစ်တွင် ပစ်ခတ်မှု ဖြစ်၍ ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင် တစ်ဦး ဦးဒဏ်ရာရ

ဒဏ်ရာ ရ ဘင်္ဂလာ စစ်သားကို ဆေးရုံတင်ရန် ယူဆောင်လာစဉ် ( Photo- Bdnews24)
ရန်ကုန်၊ ဇွန် ၁၇

မြန်မာနယ်စပ်အနီး တက်ကနက်မြို့နယ် နတ်မြစ်အတွင်း မြန်မာဘက်က ပစ်ခတ်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်  တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်က သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသူမှာ ဘီပေါ့ ( Bilpob) (၂၁) နှစ်ဖြစ်ကြောင်း သိရပြီး ကော့စ်ဘဇား (ဖလောင်းချိတ်) ဆေးရုံကို တင်ထားရသည်ဟု BDnews24.com တွင်ဖော်ပြထားသည်။

မြန်မာဘက်ကဟု သတင်းတွင် ဖော်ပြထားသော်လည်း အဖွဲ့အစည်းအမည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

ကော့စ်ဘဇား ခရိုင်ဆေးရုံကြီး အရေးပေါ် ဌာနမှ ဒေါက်တာ နိုဘယ် ဘရ၀ါ မှ ၎င်းစစ်သားကို ယနေ့ နံနက် ၉ နာရီက ဆေးရုံတင်လာခဲ့သည်ဟု အတည်ပြု ပြောကြားသည်ဟု ယင်းသတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများမှ ယင်းသတင်း ဖြစ်ပွားကို ကြားသိရကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေသခံများ အပြောအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ ၏ ကင်းလှည့်နေသော ရေယာဉ်မှာ ယနေ့ နံနက် အစောကြီးက တိုက်ခိုက်ခံခဲ့ရပြီး အတည်ပြုချက် မရနိုင်သေးသော သတင်းအရ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ တစ်ဦး ဖမ်းဆီး ခေါ်ဆောင်ခံရသည်ဟု သတင်း ဖြစ်ပေါ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

နိရဉ္စရာ
http://www.narinjara.com/burmese
မြန်မာနယ်စပ် နတ်မြစ်တွင် ပစ်ခတ်မှု ဖြစ်၍ ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင် တစ်ဦး ဦးဒဏ်ရာရ  မြန်မာနယ်စပ် နတ်မြစ်တွင် ပစ်ခတ်မှု ဖြစ်၍ ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင် တစ်ဦး ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 20:28 Rating: 5
Powered by Blogger.