အစိုးရတပ်ကို ၀တပ်ဖွဲ့က ဆက်ဝိုင်းထား


ဓာတ်ပုံ - www.hscentre.org

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ကို ၀ တပ်ဖွဲ့က ဇွန် ၃ ရက်နေ့ကစပြီး ဒီနေ့ထိ ဆက်ဝိုင်းထားတယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

ဝဒေသတွင်း သစ်ထုတ်တာကို လာရောက်ဖမ်းဆီးတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်ကို ၀ တပ်ဖွဲ့အင်အား ၂၀၀ လောက်က ၀ိုင်းထားတာဖြစ်ပြီး အခုထိ ၀ိုင်းထားတုန်းလို့ သူက ပြောပါတယ်။

“ဘာမှ ဆက်ဖြစ်တာတော့ မရှိပါဘူး၊ ၀ိုင်းထားတုန်း။ သူတို့က တောင်ပိုင်းက ဖြစ်စဉ်တခုလုံးကို စာနဲ့ တင်ပေးပါဆိုတော့ အသေးစိတ်ဖြစ်စဉ်တခုလုံး စာတင်ဖို့ ဆောင်ရွက်နေတယ်။ တယ်လီဖုန်းနဲ့တော့ ပြောဖြစ်တယ်၊ စာနဲ့ အတိအကျလုပ်ဖို့လေ။”

ဝ တပ်ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဦးသိန်းဇော်တို့ ဆက်သွယ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်က ၀တပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့  ၀ဒေသတွင်း သစ်ထုတ်နေသူတွေကို အစိုးရတပ်က လာရောက်ဖမ်းဆီးရာက ပြဿ    နာစတင်ခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ အစိုးရတပ်ကို ၀တပ်ဖွဲ့က ၀ိုင်းပြီးပိတ်ဆို့ထားတဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရနဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
အစိုးရတပ်ကို ၀တပ်ဖွဲ့က ဆက်ဝိုင်းထား အစိုးရတပ်ကို ၀တပ်ဖွဲ့က ဆက်ဝိုင်းထား Reviewed by သစ်ထူးလွင် on 19:38 Rating: 5
Powered by Blogger.