ဆီတင်ရေယာဉ် ဆီပန့် မော်တာမောင်းနှင်ရာမှ မီးလောင်မှုဖြစ်


 မော်လမြိုင် ဇွန် ၈

 မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် ကျောက်မီးသွေး ဆိပ်ကမ်း၌ ဇွန် ၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဆီတင်ရန် ဆိုက်ကပ်ရပ်နားထားသော ရာဇာမင်းB-1 သင်္ဘောဆီတင်ယာဉ် မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရေယာဉ်မှ ကမ်းပေါ်ရှိ ဆီဘောက်ဆာသို့ ဆီတင် ပို့ရန် ဆီပန့်မော်တာအား မောင်းနှင် စဉ် မော်တာမှမီးပွားလွင့်စဉ်မှု ကြောင့် သင်္ဘောအင်ဂျင်စက်ခန်းရှိ ဆီပိုက်လိုင်းအဖွင့်ဘားကို မီးလောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရလျှင်ရချင်း မီးငြှိမ်းသတ် ယာဉ်ငါးစီး၊ ရေသယ်ယာဉ်နှစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ လူနာတင် ယာဉ်တစ်စီး၊ သန္ဓေမီးသတ် ၃ဝ၊ အရန်မီးသတ် ၅ဝ တို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် အင်ဂျင်စက် ခန်းရှိ ကေဘယ်လ်ကြိုးများ မီးလောင်ကျွမ်းခဲ့ပြီး ရေယာဉ်မှူး အပါအဝင် ဝန်ထမ်းငါးဦး၊ မီးဟပ်ခံ ရကာ(မစိုးရိမ်ရ) ဒဏ်ရာများရရှိသော ကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ရသည်။ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မုပွန်နယ်မြေ ရဲစခန်းက ရေယာဉ်မှူး ဦးဝင်းအောင် ကို အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ဝဿန်ထွန်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆီတင်ရေယာဉ် ဆီပန့် မော်တာမောင်းနှင်ရာမှ မီးလောင်မှုဖြစ်  ဆီတင်ရေယာဉ် ဆီပန့် မော်တာမောင်းနှင်ရာမှ မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.