ကာတာနိုင်ငံတွင် အားကစားကွင်းများ တည်ဆောက်နေစဉ် သေဆုံးသူ အလုပ်သမားဦးရေ ၁၂၀၀ ကျော်အထိရှိလာ


အစ္စတန်ဘူလ် ၊ ၈-၆-၂၀၁၅

လာမည့် ၂ဝ၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိထားသော ကာတာ နိုင်ငံတွင် အားကစားကွင်းများ တည်ဆောက်စဉ် လုပ်ငန်းခွင် မတော်တဆမှု နှင့် သေဆုံးခဲ့ ရသည့် အလုပ်သမား ဦးရေ ၁၂ဝဝ ကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ ယခုကဲ့သို့ မြောက်မြားစွာ သေဆုံး ရခြင်းမှာ အလုပ်ချိန် ကြာမြင့်ခြင်း ၊ ကာတာနိုင်ငံ ၏ ရာသီဥတု ပူပြင်းခြင်း နှင့် အစားအသောက် မလုံလောက်ခြင်း တို့ကြောင့် ဖြစ်သည်ဟု လေ့လာသူ များက ပြောပြသည်။

ကာတာနိုင်ငံရှိ အားကစား ကွင်းများ တည်ဆောက် ရာတွင် လုပ်ကိုင်နေသည့် အလုပ်သမား အများစုသည် အိန္ဒိယနိုင်ငံ နှင့် နီပေါနိုင်ငံ မှ ရွှေ့ပြောင်း အလုပ်သမား အများစု ပါဝင်ပြီး ၄င်း အလုပ်သမား များသည်
ကာတာနိုင်ငံ တွင် လုပ်ခလစာ နည်းပါးသော်လည်း စားဝတ်နေရေး ရပ်တည်မှုအရ လုပ်ကိုင်နေခြင်း ဖြစ်သည်။

အားကစား ပြိုင်ပွဲကြီးများ အတွက် အားကစားကွင်းများ တည်ဆောက် ရာတွင် အလုပ်သမားများ သေဆုံးခဲ့သည့် မှတ်တမ်း များမှာ ဘေဂျင်း အိုလံပစ် ပြိုင်ပွဲတွင် ခြောက်ဦး၊ ၂ဝ၁ဝ ပြည့်နှစ် တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် နှစ်ဦး၊ ၂ဝ၁ဝပြည့်နှစ် ဗင်ကူးမား အိုလံပစ် ပြိုင်ပွဲတွင် တစ်ဦး၊ ၂ဝ၁၄ ခုနှစ် ဘရာဇီးလ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၁ဝဦး၊ ရုရှား ဆိုချီ အားကစား ပြိုင်ပွဲတွင် ၆ဝ ဦး၊ လက်ရှိ ကာတာ နိုင်ငံတွင် ၁၂ဝဝ ဦးတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်း သေဆုံးမှုများ အားလုံးတွင် အိန္ဒိယနှင့် နီပေါ နိုင်ငံသားများ အများစု ပါဝင်ပြီး ၂ဝ၁၁ ခုနှစ်တွင် အိန္ဒိယ နိုင်ငံသား ၂၃၉ ဦးနှင့် နီပေါ နိုင်ငံသား ၁၆၂ ဦး ၊ ၂ဝ၁၂ ခုနှစ်တွင် အိန္ဒိယ နိုင်ငံသား ၂၃၇ ဦးနှင့် နီပေါ နိုင်ငံသား ၁၆၉ ဦး ၊ ၂ဝ၁၃ ခုနှစ်တွင် အိန္ဒိယ နိုင်ငံသား ၂၄၁ ဦးနှင့် နီပေါ နိုင်ငံသား ၁၉၁ ဦးတို့ သေဆုံး ခဲ့ကြောင်း သိရသည်။

PyiChitThar


ကာတာနိုင်ငံတွင် အားကစားကွင်းများ တည်ဆောက်နေစဉ် သေဆုံးသူ အလုပ်သမားဦးရေ ၁၂၀၀ ကျော်အထိရှိလာ  ကာတာနိုင်ငံတွင် အားကစားကွင်းများ တည်ဆောက်နေစဉ် သေဆုံးသူ အလုပ်သမားဦးရေ ၁၂၀၀ ကျော်အထိရှိလာ Reviewed by သစ်ထူးလွင် on 08:23 Rating: 5
Powered by Blogger.