အမေရိကန်မှာ ပြည်တွင်းစစ်ခေတ်က အလံ ဖြုတ်ရေး ဆွေးနွေး


အမေရိကန်နိုင်ငံ တောင် ကယ်ရိုလိုင်းနား ပြည်နယ် ကိုလံဘီယာမြို့ရဲ့ လွှတ်တော် အဆောက်အအုံရှေ့မှာ လွှင့်ထားတဲ့ ပြည်တွင်းစစ်ခေတ်က တောင်ပိုင်းတပ်တွေရဲ့ အလံကို ဖြုတ်သင့် မဖြုတ်သင့် ဆွေးနွေးကြဖို့ ပြည်နယ် လွှတ်တော်အမတ်တွေက မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါဟာ ချားလ်စတန်မြို့မှာ အရင်တပတ်က လူမည်း အမေရိကန် ၉ ယောက် အသတ်ခံရပြီးနောက် တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

လူသတ်သမားလို့ မသင်္ကာသူ လူဖြူ အမျိုးသားက ဒီအလံကို ကိုင်ဆောင်နေတဲ့ ပုံတွေ အင်တာနက်မှာ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။

ဒီတောင်ပိုင်းနိုင်ငံ တပ်တွေရဲ့အလံဟာ ဖိနှိပ်အုပ်စိုးတဲ့ ကျွန်စနစ်ကို သင်္ကေတပြုတယ်လို့ တောင် ကယ်ရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူး Nikki Haley က ပြောပါတယ်။

အမေရိကန်အလံတွေ ထုတ်တဲ့ ကုမ္ပဏီကြီးတခုကလည်း ဒီအလံတွေကို ထပ်မထုတ်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် တချို့ဆိုင်တွေမှာ အရင်တပတ်က ဒီအလံတွေ ပိုပြီးတော့ အရောင်းကောင်းခဲ့တာ တွေ့ရှိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အမေရိကန်မှာ ပြည်တွင်းစစ်ခေတ်က အလံ ဖြုတ်ရေး ဆွေးနွေး အမေရိကန်မှာ ပြည်တွင်းစစ်ခေတ်က အလံ ဖြုတ်ရေး ဆွေးနွေး Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.