တူရကီတွင် လိင်တူချစ်သူများချီတက်ပွဲကို ရဲတပ်ဖွဲ့က ဖြိုခွင်း


 တူရကီနိုင်ငံ အီစတန်ဘူမြို့တွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော လိင်တူချစ်သူများ စုဝေးချီတက်ပွဲကို ရဲတပ်ဖွဲ့ဝင်များက ဇွန် ၂၈ က မီးသတ်ပိုက်များ၊ ရာဘာကျဉ်ဆံများ အသုံးပြု၍ ဖြိုခွင်းခဲ့သည်။ LGBT (ခေါ်) လိင်တူအမျိုးသားချင်း ချစ်သူများ၊ လိင်တူအမျိုးသမီးချင်း ချစ်သူများ၊ လိင်တူလိင်ကွဲ ၂ မျိုးစလုံး ချစ်သူများ၊ လိင်ပြောင်းထားသူများ အစုအဝေးကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည့် ဓါတ်ပုံများ အွန်လိုင်းပေါ်သို့ တက်လာခဲ့သည်။

ရိုက်တာသတင်းတရပ်အရ LGBT စုဝေးသူများကို ချီတက်ခွင့် မပေးနိုင်ကြောင်းနှင့် လူစုခွဲပေးရန် ရဲတပ်ဖွဲ့က သတိပေးခဲ့ကြောင်း သိရသည်။

Taksim ရင်ပြင်တွင် စုဝေးနေသော ပြည်တွင်းမှ ဆန္ဒထုတ်ဖော်သူများရော ပြည်ပနိုင်ငံသားများကိုပါ ရဲတပ်ဖွဲ့က ကြိုးစားဟန့်တားခဲ့သည်။


အခြားသော မွတ်စလင်နိုင်ငံများနှင့်မတူဘဲ တူရကီတွင် လိင်တူချစ်ခင်စုံမက်ခြင်းသည် ရာဇ၀တ်မှု မဟုတ်ချေ။ အီစတန်ဘူတွင် ယခင်ကလည်း လိင်တူချစ်သူများ စုဝေးခြင်းများ ရှိခဲ့သည်။ ၂၀၀၃ ပထမဆုံး လိင်တူချစ်သူများ စုဝေးမှုကို လူ ၃၀ ခန့်သာပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လူ ၅၀၀၀၀ ခန့်အထိ တိုးပွားလာခဲ့သည်။

ရည်ညွှန်း - အာရ်တီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တူရကီတွင် လိင်တူချစ်သူများချီတက်ပွဲကို ရဲတပ်ဖွဲ့က ဖြိုခွင်း  တူရကီတွင် လိင်တူချစ်သူများချီတက်ပွဲကို ရဲတပ်ဖွဲ့က ဖြိုခွင်း Reviewed by သစ်ထူးလွင် on 20:08 Rating: 5
Powered by Blogger.