ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော် ဇွန် ၁၈

ရခိုင်ပြည်နယ် မောင်တော မြို့နယ် ရေတွင်းကျွန်းချောင်းဝ နှင့် ရွက်ညိုတောင်ချောင်းဝအကြား နတ်မြစ်၏ မြန်မာ့ရေပိုင်နက်အတွင်း နယ်မြေစိုးမိုးရေး လှည့်ကင်းဆောင် ရွက်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းနှင့် လူသုံးဦးကိုတွေ့ရှိ၍ စစ်မေးရန် ခေါ်ယူစဉ် အဆိုပါစက်လှေမှ စတင် ပစ်ခတ်ရာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်။

ဖြစ်စဉ်မှာ နယ်ခြားစောင့် ရဲကွပ် ကဲမှုအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ရေတွင်း ကျွန်းချောင်းဝ ကင်းစခန်းမှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုးတစ်လျှောက် လှည့်ကင်း ဆောင်ရွက်စဉ် ဇွန် ၁၇ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရေတွင်းကျွန်း ချောင်းဝနှင့် ရွက်ညိုတောင် ချောင်းဝ အကြားသို့အရောက် မြန်မာရေပိုင် နက်အတွင်း မသင်္ကာဖွယ်ရာ စက်လှေ တစ်စင်းနှင့် လူသုံးဦးအားတွေ့ရှိ၍ စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့ရာ ၎င်းစက်လှေပေါ်မှ လက်နက်ငယ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် လှည့်ကင်း အဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါသုံးဦးမှ စက်လှေဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း စက်နှိုးမရ၍ ခုန်ချထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ယူနီဖောင်းဝတ်ထားသူတစ်ဦးကို အမ်(၂၂) သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၄င်းကျည် ၂၁ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ဦး ယာခြေဖဝါး လက်နက်ငယ် တစ်ချက် ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ တစ်ဖက်နိုင်ငံ ဒုံဒုံမျှာစခန်းမှ မြန်မာနိုင်ငံ ပိုင်နက် အတွင်းသို့ ကျွံဝင်လာသော လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထွက်ပြေး သွားသူနှစ်ဦးမှာလည်း အဆိုပါစခန်း မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဖော်ထုတ် ရရှိသည့်အတွက် တစ်ဖက်နိုင်ငံ တာဝန်ရှိသူများထံသို့ ကန့်ကွက်ထား ရှိပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)
ဓာတ်ပုံ-မြဝတီ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ  ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.