ဘေဂျင်းမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်လာပြန်


တရုတ်နိုင်ငံ မြို့တော် ဘေဂျင်း မှာ အများသူ ငါ နဲ့ သက်ဆိုင်တဲ့ အဆောက်အဦ တွေ အားလုံး ထဲ မှာ ဆေးလိပ် သောက်ခွင့် ပိတ်ပင် လိုက် ပြီ ဖြစ် ပါတယ်။

လှည့်လည် စစ်ဆေး မယ့် တာဝန် ရှိသူ တွေ ထောင်နဲ့ချီ ပြီး တော့လည်း ခန့် ထား လိုက် ပါတယ်။

မလိုက်နာ သူ တွေ ကို ဒဏ်ငွေ ချ မှတ် အရေးယူ မှာ ဖြစ်ပါတယ်။
တရုတ် ပြည် မှာ ဆေးလိပ်သောက် သူ အရေ အတွက် သန်း ၃၀၀ ဝန်း ကျင် ရှိ ပါတယ်။

ဘေဂျင်း မြို့တော် မှာ အရင် ချမှတ် ခဲ့တဲ့ ဆေးလိပ် သောက် ခွင့် ပိတ်ပင် တဲ့ အကြိမ် တွေ တုန်း ကတော့၊ ဥပဒေ တွေ မှာ ဟာကွက် တွေ ရှိ ခဲ့သလို၊ တကယ် လိုက်နာ ဖို့ လည်း လုံလောက် အောင် မတင်းကြပ် နိုင်ခဲ့တဲ့ အတွက် အောင်မြင်မှု မရခဲ့ ပါဘူး။

ဒီ တစ်ခေါက်လည်း ထိရောက် မှာ မဟုတ်ဘူး လို့ အများစုက ရှု့မြင် နေကြတယ် ဆိုပြီး သတင်းထောက် တွေ က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဘေဂျင်းမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်လာပြန်  ဘေဂျင်းမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်လာပြန် Reviewed by သစ်ထူးလွင် on 18:48 Rating: 5
Powered by Blogger.