ပုသိမ်-မုံရွာကားလမ်းမှာ လိုက်ထရပ်ယာဉ် မဲဇလီပင်အား တိုက်မိ၍ (၆)ဦးဒဏ်ရာရ


လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျပြီး မဲဇလီပင်အားဝင်ရောက်တိုက်မိ၍ (၆)ဦးဒဏ်ရာရ

နေပြည်တော်၊ ဇွန် ၂၈

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်း မြို့နယ်၊ ရှားဘိုကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၁၃၃/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဘက်ရဲနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ပြည်မြို့ဘက်မှ ပုသိမ်မြို့ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့၊ (၁၁)ရပ်ကွက်နေ အောင်ကျော်စိုး(၃၇)နှစ်မောင်းနှင်လာသော 8K/×××× လိုက်ထရပ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ထိုးကျကာ လမ်းဘေးရှိ မဲဇလီပင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသူများအနက် ယာဉ်မောင်း အောင်ကျော်စိုးနှင့် မြင်းခြံမြို့နယ်၊ မရိုးကုန်းကျေးရွာနေ မပိုးလေးစံ (၁၉)နှစ်ပါ(၅)ဦး၊ စုစုပေါင်း(၆)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဘက်ရဲတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး အောင်ကျော်စိုးအား ဘက်ရဲနယ်မြေရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပုသိမ်-မုံရွာကားလမ်းမှာ လိုက်ထရပ်ယာဉ် မဲဇလီပင်အား တိုက်မိ၍ (၆)ဦးဒဏ်ရာရ  ပုသိမ်-မုံရွာကားလမ်းမှာ လိုက်ထရပ်ယာဉ်  မဲဇလီပင်အား တိုက်မိ၍ (၆)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 22:10 Rating: 5
Powered by Blogger.