မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်မည်

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying
တရုတ်-မြန်မာနယ်စပ်နား ဖြစ်ပွားနေတဲ့ မြန်မာနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် တရုတ်နိုင်ငံထဲကို မကြာခနဗုံးဆံကျခဲ့တဲ့ ယူနန်ပြည် နယ်မှာ ဒီသီတင်းပတ်ထဲ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်သွားမယ့်အကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ မြေပြင်နဲ့ ဝေဟင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မနက်ဖြန်စတင်မှာဖြစ်ပြီး တကယ့်တိုက်ပွဲတွေမှာလို ကျည်ဆံအစစ်တွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို ယူနန်ပြည်နယ်က ဒေသ နှစ်ခုမှာ လုပ်သွားမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ ဒါပေမယ့် စစ်အင်အား ဘယ်လောက်နဲ့ လေ့ကျင့်သွားမယ် ၊ ဘယ်တော့အဆုံးသတ်မယ် ဆိုတာကိုတော့ ထုတ်ပြောခြင်း မရှိပါဘူး။ အဲဒီဒေသမှာ ပျံသန်းမယ့် လေယာဉ်တွေ ကိုလည်း သတိပေးထားပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုတွေ လုပ်သွားမယ့်အကြောင်း မြန်မာအစိုးရကို အသိပေးထားပြီး ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း မြန်မာတိုက်လေယာဉ်တွေက ကြဲလိုက်တဲ့ဗုံးတွေကြောင့် မတ်လထဲမှာ လူ ၅ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက် အပါအ၀ဝင် နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေ ကြုံနေရချိန်မှာပဲ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်လာတာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေဟာ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်နေတယ်လို့ တရုတ်နိုင်ငံက ယူဆထားတဲ့အကြောင်းပြောဆိုခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်မှုဟာ လုပ်ရိုးလုပ်စဉ် အစီအစဉ်သာ ဖြစ်တယ်လို့သာ ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ပုံမှန်ဘဝကို ထိခိုက်မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်မည်  မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်မည် Reviewed by သစ်ထူးလွင် on 21:16 Rating: 5
Powered by Blogger.