ယူကရိန်း တိုက်ပွဲတွေ ပြင်းထန်


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာကို အမေရိကန်နဲ့ ရုရှား အကြား သံတမန်နည်းနဲ့ အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။

ယူကရိန်းအစိုးရ ထိန်းချုပ်တဲ့ Maryinka မြို့နားမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ ရုရှားအစိုးရ ထောက်ခံအားပေးတဲ့ ခွဲထွက်ရေး သုပုန်တွေနဲ့ အနောက်အုပ်စု နိုင်ငံတွေ ထောက်ခံအားပေးတဲ့ ယူကရိန်းအစိုးရ အကြား အပစ်အခတ် ရပ်စဲခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ထဲကဆိုရင် အပြင်းထန်ဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်း စစ်တပ်ရဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့်လို့ မော်စကိုရှိ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြစ်တင်ပြောဆိုခဲ့သလို ၀ါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကလည်း ဒီရင်ဆိုင် တိုက်ခိုက်မှုတွေကို တားဆီးဖို့ ရုရှားအစိုးရမှာ တာဝန်ရှိကြောင်းနဲ့ ဒီလိုလုပ်ဖို့ ပျက်ကွက်မယ်ဆိုရင် နောက်ထပ် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ယူကရိန်း တိုက်ပွဲတွေ ပြင်းထန် ယူကရိန်း တိုက်ပွဲတွေ ပြင်းထန် Reviewed by သစ်ထူးလွင် on 17:09 Rating: 5
Powered by Blogger.