သေနတ်နှင့် ဆက်စပ်ပစ္စည်း လေးဆယ်ကျော် မန္တလေးမြို့လယ်ခေါင်တွင် ဖမ်းဆီးရမိ


ဇွန်၂၇၊ မန္တလေး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အလယ်ရပ်ကွက် ၈၂လမ်း၊
၂၉-၃၀လမ်းကြား အောင် စတိုးမုန့်ဆိုင်တွင် ဇွန် ၂၇ရက်က နယ်မြေခံရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ဆက်စပ်သတင်းများအရ ရှာဖွေရာ သေနတ်များနှင့် ကျည်ဆံများ စုစု ပေါင်း အမျိုးပေါင်း လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ကာ အမှတ် ၈ မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားရှိကြောင်း သိရ သည်။

လက်နက်နှင့် သေနတ်များ မဖမ်းဆီးရမိခင်တွင် ဇွန် ၂၆ရက်က စဥ့်ကူးမြို့နယ် ရပ်ကွက် ၁ သီလှရွာထိပ် စဥ့်ကူး-ရွှေဘိုသွား လမ်းမပေါ် မိုင်တိုင် အမှတ် ၁/၀နှင့် ၁/၁ ကြားတွင် စဥ့်ကူမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများနှင့် မှုခင်းကျ ဆင်းရေးအတွက် ပိတ်ဆို့ရှာဖွေစဉ်တွင် စနိုက်ပါ၊ ရိုင်ဖယ်၊
နှလုံးပြူး၊ လက်ကိုင်စကားပြောစက်များ၊ ဆက်သွယ်ရေးအထိုင်စက်များ၊ နာရီဓာတ်ခဲများ၊ စိတ်ကြွမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ပစ္စည်းများကို သယ်ယူလာသောမန္တလေးမြို့ ၈၂လမ်း၊ ၂၉-၃၀လမ်းကြားနေထိုင်သူ၏ နေ အိမ်အား ဆက်စပ် သတင်းအများအရ ထပ်မံရှာဖွေရာတွင် အထက်ပါ ပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု
ဖော်ပြပါရှိ သည်။

လက်နက်ခဲယမ်းများ အများအပြားအား စုဆောင်းလက်ဝယ် ထားရှိ ကိုင်ဆောင်အသုံးပြုသူ အောင်ကျော်မိုး၊ အောင်ဇော်မိုးတို့အား မန္တလေးမြို့ အမှတ် ၈ မြို့မရဲစခန်းက (ပ)၂၆၁/၂၀၁၅ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ၊ လက်နက်၁၉(က) တို့ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးသန့်
The Union Daily
https://www.facebook.com/pages/The-Union-Daily
သေနတ်နှင့် ဆက်စပ်ပစ္စည်း လေးဆယ်ကျော် မန္တလေးမြို့လယ်ခေါင်တွင် ဖမ်းဆီးရမိ  သေနတ်နှင့် ဆက်စပ်ပစ္စည်း လေးဆယ်ကျော် မန္တလေးမြို့လယ်ခေါင်တွင် ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 20:29 Rating: 5
Powered by Blogger.