ငွေကြေးရယူလိုသဖြင့် လူသတ်ပစ္စည်းလုယူသူများအား ဖမ်းဆီးရမိ၊ တိမ်းရှောင်နေသူများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ

မေ၂၅ရက်နေ့ ညနေက သနပ္ပင်မြို့ဈေးပိုင်းရပ် ခတ္တာလမ်းတွင် ဖြစ်ပွားခဲ့သောနှစ် လောင်းပြိုင်လူသတ်မှု ။ ဓါတ်ပုံ - (Zaw Shinn -fb)
နေပြည်တော် မေ ၃၁

မေ ၂၅ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး သနပ္ပင် မြို့ ဈေးပိုင်းရပ်ကွက်နေ ကိုအေးမင်း (၄၆ နှစ်)သည် ၎င်း၏အလှပြင်ဆိုင်၌ ရှိနေစဉ် နေအိမ်တွင်ကျန်ခဲ့သော ဖခင်ဖြစ်သူ ဦးကျော်ရှိန်နှင့် အစ်မဖြစ်သူ ဒေါ်စန်းစန်းအေးတို့ထံ လူလေးဦးက ဝင်ရောက်လာပြီး ဦးကျော်ရှိန်နှင့် ဒေါ်စန်းစန်းအေးတို့ကိုသတ်၍ ဒေါ်စန်းစန်းအေးဝတ်ဆင်ထားသည့် ကျောက်နီ လက်စွပ်တစ်ကွင်း၊ ကျောက်ဖြူနားကပ်တစ်ရန်နှင့် အိမ်ခန်းအတွင်းရှိ လက်ဆွဲ အိတ်ထဲမှ ငွေကျပ်နှစ်သိန်းတို့အား လုယူသွားခဲ့ကြောင်း၊ ‌ဒေါ်စန်းစန်းအေးနှင့် ဦးကျော်ရှိန်တို့မှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့၍ သနပ္ပင်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျုးလွန်သူနှင့် သက်သေခံပစ္စည်းများ အမြန်ဆုံးပြန်လည် ရရှိရန်အတွက် သနပ္ပင်မြို့မ ရဲစခန်းက အမှုစစ်အဖွဲ့ ဖွဲ့စည်းစုံစမ်းဆောင်ရွက်ခဲ့ရာ အမှုအား ကျူးလွန်ရာတွင်ပါဝင်ကြောင်း သတင်းရရှိသူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ ရန်နိုင်စိုး(ခ)ဂီးဂီး (၁၈နှစ်)နှင့် တစ်ရပ်တည်းနေ အောင်ခန့်ဇော်(ခ)တွတ်ပီ(၁၈နှစ်)တို့အား ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၁၁၅) ယာဉ်ရပ်နားစခန်းတွင် မေ ၂၈ ရက် နံနက် ၃ နာရီ ၄၅ မိနစ်၌ အာကာသ ခရီးသည်တင်ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ထွက်ဆိုချက်အရ မေ ၂၅ ရက်က ဝေယံထွန်းနှင့် ခင်မင်ရင်းနှီး သူ ကိုအေးမင်း၏နေအိမ်မှ ငွေနှင့်ပစ္စည်းများ လုယူရန် မင်္ဂလာဒုံမြို့နယ် ပတ္တမြားရပ်ကွက်နေ မဝါဝါဝင်း(၂၁ နှစ်)၊ ရန်နိုင်စိုး(ခ)ဂီးဂီး၊ အောင်ခန့်ဇော်(ခ)တွတ်ပီ၊ ဝေယံထွန်းနှင့် သက်ဝေတို့သည် မဝါဝါဝင်း၏ခင်ပွန်းဖြစ်သူ သက်ဇော်ဦး (၂၇နှစ်)၊ မောင်းနှင်သည့် DD/ -----ဆူဇူကီးယာဉ်ဖြင့် သွားခဲ့ကြောင်း၊ သက်ဇော်ဦး၊ ရန်နိုင်စိုး(ခ)ဂီးဂီး၊ အောင်ခန့်ဇော်(ခ)တွတ်ပီနှင့် သက်ဝေတို့ လေးဦးမှာ ကိုအေးမင်း၏နေအိမ်အတွင်းသို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်ရှေ့ တွင်တွေ့ရှိသည့် ကိုအေးမင်း၏ဖခင်ဖြစ်သူ ဦးကျော်ရှိန်နှင့် နေအိမ်အတွင်းရှိ ဒေါ်စန်းစန်းအေးတို့အားသတ်ပြီး ဒေါ်စန်းစန်းအေး ဝတ်ဆင်ထားသည့် ကျောက်နီ လက်စွပ်တစ်ကွင်း၊ ကျောက်ဖြူနားကပ်တစ်ရန်နှင့် အိမ်ခန်းအတွင်းရှိ လက်ဆွဲအိတ်ထဲမှ ငွေကျပ်နှစ်သိန်းတို့အား လုယူခဲ့ကြောင်း၊ ပြစ်မှုကျုးလွန် ရခြင်းမှာ ငွေကြေးရယူလိုသည့်အတွက်ဖြစ်ကြောင်း၊ မေ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် မှော်ဘီမြို့နယ် ဂျပန်ဘုရားသွားကားလမ်းပေါ်မှ မဝါဝါဝင်းအား ဖမ်းဆီးရမိခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းနားကပ်တစ်ရန်၊ ပြစ်မှုကျုးလွန်ရာတွင် အသုံးပြုသည့် DD/ - - - - ဆူဇူကီးယာဉ်ကို သိမ်းဆည်းကာ တိမ်းရှောင်နေသူ သက်ဝေ၊ ဝေယံထွန်းနှင့် သက်ဇော်ဦးတို့အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငွေကြေးရယူလိုသဖြင့် လူသတ်ပစ္စည်းလုယူသူများအား ဖမ်းဆီးရမိ၊ တိမ်းရှောင်နေသူများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ  ငွေကြေးရယူလိုသဖြင့် လူသတ်ပစ္စည်းလုယူသူများအား ဖမ်းဆီးရမိ၊ တိမ်းရှောင်နေသူများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ Reviewed by သစ်ထူးလွင် on 04:47 Rating: 5
Powered by Blogger.