မန္တလေး၌ မီးလောင်မှုဖြစ်ပွား အိမ်ခုနှစ်လုံး ဆုံးရှုံး


မန္တလေး ဇွန် ၂၅

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၃x၈၄ လမ်းကြား၊ ၄ဝx၄၁ လမ်းကြား အမှတ် ၅၁၂ ဥပုဒ်တော်ကုန်းရပ်တွင် ဇွန် ၂၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က ဒေါ်မြသူဇာနေအိမ်မှစတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် နေအိမ်ခုနစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ်အစီး ၆ဝ နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီခွဲတွင် မီးငြိမ်း သွားကြောင်း သိရသည်။ မီးလောင်ရာသို့ တိုင်းကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် မန္တလေးခရိုင်အတွင်း မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅ဝ တို့က ကူညီမှုနှင့် ဆေးကုသမှုများပေးလျက်ရှိပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ် အသေးစိတ်ကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့်တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

ထွန်းထွန်းနိုင်(ကျောက်ဆည်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မန္တလေး၌ မီးလောင်မှုဖြစ်ပွား အိမ်ခုနှစ်လုံး ဆုံးရှုံး  မန္တလေး၌ မီးလောင်မှုဖြစ်ပွား အိမ်ခုနှစ်လုံး ဆုံးရှုံး Reviewed by သစ်ထူးလွင် on 07:04 Rating: 5
Powered by Blogger.