နေပြည်တော် မြို့မဈေးပွဲရုံတန်းတွင် မီးလောင်


နေပြည်တော် ဇွန် ၁၉

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးပွဲရုံတန်း၌ ဇွန် ၁၉ ရက် မွန်းလွဲ ၁၂နာရီခွဲက မီး လောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်က မြို့မဈေးပွဲရုံတန်းရှိ ဆိုင်ခန်းအမှတ် (ပ/ ၁၆၇ )မိုးသီဟ လျှပ်စစ်နှင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ဆိုင်ရှင် ဦးသန့်ဇင် အောင်သည် ဆိုင်ခန်းပိတ်၍ မြို့မ ဈေးအတွင်းရှိ ၎င်း၏ဆိုင်တစ်ဆိုင်သို့ သွားနေစဉ် ဆိုင်ခန်းအောက်ထပ် မီးဖိုချောင်အတွင်းရှိ လျှပ်စစ်မီးဖိုမှ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင် ကျွမ်းခဲ့ရာ ၎င်းဆိုင်အပါအဝင် (ပ/ ၁၆၆) ဝေယံမိုး Chint အီလက်ထရွန် နစ် ကုမ္ပဏီဆိုင်ခန်း၏ မျက်နှာကြက် မီးလောင်၊ ( ပ/၁၆၈)ရွှေနဂါး ဆေးဆိုင်နှင့် (ပ/၁၆၉ )အမျိုးသား ကွန်ပျူတာဆိုင်ခန်း မီးလောင်၊ စုစုပေါင်း ဆိုင်ခန်းလေးခန်း မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်သည့်နေရာသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်းနှင့် ဦးမျိုးညွန့်၊ ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးတင်မိုးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂၅ ဦး၊ မီးသတ်ယာဉ် အစီး ၃ဝ၊ အုပ်ချုပ်မှုယာဉ် သုံးစီးတို့ဖြင့် စုပေါင်း ငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ အမှတ်(၅)ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း-သန်းနိုင်(ဇမ္ဗူသီရိ)
ဓာတ်ပုံ-မင်းမင်းလတ်
(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နေပြည်တော် မြို့မဈေးပွဲရုံတန်းတွင် မီးလောင်  နေပြည်တော် မြို့မဈေးပွဲရုံတန်းတွင် မီးလောင် Reviewed by သစ်ထူးလွင် on 03:46 Rating: 5
Powered by Blogger.