၁၀) တန်းအောင်စာရင်းကြည့် ပြန်လာသူ တစ်ဦး အဓမ္မပြုကျင့်ခံရ


 တက္ကသိုလ်ဝင်တန်း အောင်စာရင်း သွားရောက် ကြည့်ရှုပြီး ပြန်လာသူ တစ်ဦးအား တပ်မတော်သား တစ်ဦးက အဓမ္မကျင့်မှု တစ်ခု ကလေးမြို့ တွင် ဖြစ်ပွားခဲ့သည်။ ကလေးမြို့နယ် ကျိကုန်း ကျေးရွာတွင် နေထိုင်သော မ.......(၁၄) နှစ်သည် အဖော် ဖြစ်သူများနှင့် အတူ ......ကျေးရွာ ရှိ အ.ထ.က ကျောင်းတွင် အောင်စာရင်း သွားရောက် ကြည့်ရှုပြီး ပြန်လာစဉ် အဆိုပါ တပ်မတော်သားက အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး၊ နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

ကလေး-တမူးကားလမ်း၊ ......ကျေးရွာ အနောက်ဘက် သင်္ချိုင်းကုန်း အနီးလမ်း၏ တောင်ဘက် ချုံပုတ် အတွင်း မှ ခ.မ.ရ (၃၆၁) တပ်ရင်း တွင် တာဝန်ထမ်းဆောင် နေသော တပ်သား စောနိုင်ဦး (၂၃) နှစ် ထွက်လာပြီး မ........(၁၄) နှစ်အား ပါးစပ်ပိတ်ကာ တော အတွင်းသို့ ဆွဲခေါ် သွားစဉ် အမျိုးသမီး ဖြစ်သူမှာ ရုန်းကန် တွန်းတိုက်ခဲ့ သဖြင့် အဆိုပါ တပ်မတော်သားက ပါးရိုက်ခြင်း၊ ဦးခေါင်းအား လက်သီးဖြင့် ထိုးခြင်း၊ လည်ပင်း ညှစ်ခြင်းများ ပြုလုပ်ကာ ...... ကျေးရွာ အနီးရှိ ...... သို့ ဆွဲခေါ်သွား ခဲ့ကာ သစ်ပင်အောက်တွင် နာရီဝက်ခန့် အကြာ သားမယား အဖြစ် (၃) ကြိမ် ပြုကျင့် ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး မေးမြန်းချက် အရ သိရသည်။

ယင်းသို့ သားမယား ပြုကျင့်နေစဉ် နာရီဝက်ခန့် အကြာတွင် အနီး ပတ်ဝန်းကျင်မှ လူသံများကြား သဖြင့် အဆိုပါ တပ်မတော်သားမှာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ကြောင်း၊ အခင်းဖြစ်ရာ နေရာသို့ ခမရ (၃၆၁) တပ်ရင်း မှတပ်သား (၂)ဦး ရောက် ရှိလာပြီး တရားခံဖြစ်သူ စောနိုင်ဦး (၂၃) နှစ်အား လိုက်လံဖမ်းဆီးရာတွင် လွတ် မြောက်သွားခဲ့ကြောင်း သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မ.....(၁၄) နှစ်၏ မိခင်ဖြစ်သူ က အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည့် တပ်မတော်သားအား အရေးယူပေးရန် အတွက် တိုင်းတန်းထားခဲ့ သဖြင့် ကလေး ရဲစခန်းမှ (ပ) ၂၅/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၇၆ အရ အမှုဖွင့် ထားကြောင်း အဆိုပါဌာန ထံမှ သိရသည်။

 ယင်းသို့ အလိုမတူဘဲ အဓမ်္မပြုကျင့် ခဲ့သည့် တပ်သားစောနိုင်ဦး (၂၃) နှစ်အား တပ်မတော်သား များနှင့် သက်ဆိုင်ရာမှ ပူးပေါင်းကာ လိုက်လံ ဖမ်းဆီးခဲ့သည့် အတွက် ယခုလ(၇) ရက်နေ့၌ ဖမ်းဆီးရမိ ခဲ့ပြီး ခမရ(၃၆၁) တပ်ရင်း အတွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

၎င်းနည်းတူ ယခုလ( ၅) ရက်နေ့ ကလည်း ကလေးမြို့ ၊ ပင်လုံရပ်ကွက် နယ်မြေ (၅)တွင် အသက် (၁၂) အရွယ်က အရွယ်မရောက် သေးသူအား ဒေ၀န (၃၂) နှစ်က အဓမ်္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွား ခဲ့ကြောင်း၊ ကလေး ရဲစခန်းမှ (ပ)၂၁၂/ ၂၀၁၅၊ပြစ်မှုပုဒ်မ -၃၇၆/၅၁၁ အရ အမှုဖွင့် ထားသည်။

လင်းလင်းမောင်
 The Messenger Media
http://messengernewsjournal.com
၁၀) တန်းအောင်စာရင်းကြည့် ပြန်လာသူ တစ်ဦး အဓမ္မပြုကျင့်ခံရ ၁၀) တန်းအောင်စာရင်းကြည့် ပြန်လာသူ တစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by သစ်ထူးလွင် on 21:39 Rating: 5
Powered by Blogger.