ကိုးလတာတိုက်ပွဲများအတွင်း အိုင်အက်စ် စစ်သွေးကြွပေါင်း ၁၀၀၀၀ ကိုသုတ်သင်ခဲ့ဟု အမေရိကုန်ဆို


နယူးယောက် ဇွန် ၃

အီရတ်နှင့် ဆီးရီးယား၌ ကိုးလတာကာလအတွင်း နိုင်ငံတကာညွန့်ပေါင်းအဖွဲ့က စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွ ပေါင်း ၁ဝဝဝဝ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ပါရီတွင် မဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံခဲ့ ပြီးနောက် အိုင်အက်စ်များကို သုတ်သင်ရှင်းလင်း ရာတွင် ထိရောက်မှု အတော်များများရှိသော်လည်း စိတ်ဓာတ်ပြင်းထန်သော အိုင်အက်စ်အဖွဲ့များ ကျန်ရှိ နေသေးကြောင်း ၄င်းက ပြောကြားခဲ့သည်။

အင်္ဂါနေ့က အနောက်နိုင်ငံများနှင့် အာရပ် ပြည်ထောင်စုတို့က အိုင်အက်စ်စစ်သွေးကြွများ ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်ရေးစစ်ဆင်မှု သည် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း၊ သုံးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ထားရာ ယခု ဆိုလျှင် ကိုးလထိရှိပြီဖြစ်ကြောင်း သိရသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကိုးလတာတိုက်ပွဲများအတွင်း အိုင်အက်စ် စစ်သွေးကြွပေါင်း ၁၀၀၀၀ ကိုသုတ်သင်ခဲ့ဟု အမေရိကုန်ဆို  ကိုးလတာတိုက်ပွဲများအတွင်း အိုင်အက်စ် စစ်သွေးကြွပေါင်း ၁၀၀၀၀ ကိုသုတ်သင်ခဲ့ဟု အမေရိကုန်ဆို Reviewed by သစ်ထူးလွင် on 01:01 Rating: 5
Powered by Blogger.