ခင်ပွန်းအား ဇနီးဖြစ်သူက ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သေဆုံး


မူးယစ်ရမ်းကားနေသည့် ခင်ပွန်းအား ဇနီးဖြစ်သူက ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သေဆုံး

နေပြည်တော်၊ ဇွန် ၂၄

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မဲခရဲကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာနေ နော်ဖရီး(၅၅)နှစ်သည် နေအိမ်တွင် ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးစံမောင်(၅၀)နှစ်မှ အရက်မူးပြီး အရှည်(၁၉)လက်မ၊ လုံးပတ်(၆)လက်မရှိ ပျဉ်းကတိုးသားငရုတ်ကျည်ပွေ့ ကိုင်ဆောင်ရမ်းကားနေသဖြင့် နော်ဖရီးမှ ငရုတ်ကျည်ပွေ့အား လုယူပြီး ဦးစံမောင် ကို (၁)ချက်ထုလိုက်ရာ ဦးစံမောင်တွင် ဦးခေါင်းနောက်စေ့ဖူးယောင်ပေါက်ပြဲ သွေးထွက်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် နော်ဖရီးအား ဟိုင်းကြီးကျွန်း နယ်မြေရဲစခန်း(ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ခင်ပွန်းအား ဇနီးဖြစ်သူက ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သေဆုံး ခင်ပွန်းအား ဇနီးဖြစ်သူက ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သေဆုံး Reviewed by သစ်ထူးလွင် on 09:41 Rating: 5
Powered by Blogger.