ဒလ တံတားချောင်းတွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး


ဒလ ဇွန် ၂၃

ဒလမြို့နယ် တံတားချောင်းရွာ မကျေးရွာတွင် ဇွန် ၂၁ ရက် ည ၉ နာရီခန့်က အမျိုးသားနှစ်ဦး ဓာတ် လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

''တစ်ဦးက ဓာတ်လိုက်နေတာကို အတူလိုက်ပါလာသူ နောက်တစ်ဦးက ဝင်ဆွဲကယ်လို့ နှစ်ဦးစလုံး ဓာတ်လိုက် သေဆုံးခဲ့ရတယ်''ဟု အသက် ၇ဝ ကျော် အဘိုးတစ်ဦးက ပြောခဲ့သည်။

ဓာတ်လိုက် သေဆုံးသူတို့မှာ လှမင်းအောင် (၂၇နှစ်) ဆန်းကြီး ကုန်းရွာ၊ မောင်းတီးအုပ်စု လပွတ္တာ မြို့နယ်နေသူနှင့် ကျော်ကြီး (ခ) ဇော်မင်းသိန်း (၂၉ နှစ်) မင်းကွက်(၃) ရပ်ကွက် ပိတောက်ကုန်း (၄)လမ်း ပေါင်းတည်မြို့နယ် နေသူတို့ ဖြစ်ကြောင်း၊ ဦးကျော်နိုင်ထွန်း (ပုဂ္ဂလိက အချိန်ပိုင်း လျှပ်စစ်မီးပေး လုပ်ကိုင်သူ) ၏ ကျေးရွာအတွင်း အမြင့် ၇ ပေ ခန့်အကွာတွင် သွယ် တန်းထားသော ဝိုင်ယာကြိုးမှာ မိုးရွာလေတိုက်၍ ရွာအရှေ့ပိုင်း ဦးစိန်ပွင့်အိမ်အနီး လူသွားလမ်း ဘေး၌ လျော့ကျနေသော ဝိုင်ယာ ကြိုးကိုလက်ဖြင့် ထိမိပြီး ဓာတ်လိုက် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရခြင်းဖြစ်သည်။

သန်းဌေး(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒလ တံတားချောင်းတွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး  ဒလ တံတားချောင်းတွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 03:58 Rating: 5
Powered by Blogger.